ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ Facebook စာမျက်နှာ
တိုက်ခိုက်ခံရကြောင်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ဦးဖြိုးမင်းသိန်းရဲ့
Facebook စာမျက်နှာကို ၀င်ရောက်ပြီး ဆဲဆိုထားတဲ့ စာသားတွေ တင်ခဲ့တာ
ဖြစ်ပါတယ်။
ဦးဖြိုးမင်းသိန်းက သူ့စာမျက်နှာ တိုက်ခိုက်ခံရတာဖြစ်ကြောင်း ပြောပါတယ်။
"ဒီအခြေအနေအတွက် ဒီမှာဖော်ပြနေတဲ့ အခြေအနေ အတွက်လည်း ကျတော် Facebook ကို
ကြည့်နေတဲ့ သူတွေကို တောင်းပန်ပါတယ် ဒီအခြေအနေကို ကျတော်တို့ အမြန်ဆုံး
ပိတ်သိမ်းနိုင်ဖို့အတွက် Facebook ကို ကျတော် လှမ်းပြီး အကြောင်းကြားဖို့
ကျတော် ကြိုးစားနေပါတယ် ကျတော် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ပြီးတော့
အချိန်မှာ ကျတော့် ဆောင်ရွက်ချက်တွေကို ပြည်သူတွေ သိရှိနိုင်ဖို့အတွက်
ဆောင်ရွက်ချက် လေးတွေကို တင်ပြထားတာရှိပါတယ် အဲဒီအခြေအနေပေါ်မှာ
တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်" လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
RFA Burmese