Headlines News :
Home » » တနင်္သာရီတိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ်အပါအ၀င် ၈ ဦးဖြင့် ဖွဲစည်း

တနင်္သာရီတိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ်အပါအ၀င် ၈ ဦးဖြင့် ဖွဲစည်း

Written By Live100 on Tuesday, April 5, 2016 | 3:18 PM


လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်

စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း

လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်

သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်

ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောလုကာ


Dawei Watch| ထားဝယ်၊ ဧပြီ ၎


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ၀န်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်အပါအ၀င် စုစုပေါင်း ၈ ဦးဖြင့် ဖွဲ့စည်းလိုက်သဖြင့် ယခင်အစိုးရထက် ၃ ဦးလျော့နည်းသွားခဲ့သည်။


တနင်္သာရီတိုင်းအစိုးရအဖွဲ့ကို ၀န်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်ရေးဝန်ကြီး ဦးမြင့်မောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းနှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး  ဦးစောလုကာ တို့ဖြင့် ဖွဲ့စည်းခဲ့သည်။ 


“လူဦးရေနည်းလာတော့ ၀န်ကြီးတွေက ပိုပြီးအလုပ်လုပ်ရမှာပေါ့။ ၀န်ကြီးအားလုံးအလုပ်ပိုလုပ်မှရမယ်” ဟု ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။


ယခင်အစိုးရအဖွဲ့ကို ၁၁ ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး ၀န်ကြီးချုပ်၊ လူမှုရေးဝန်ကြီး၊ သစ်တောနှင့်သတ္တုဝန်ကြီး၊ နယ်/လုံဝန်ကြီး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီ၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး တို့ပါဝင်သည်။


ပြည်သူအတွက် အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားပေးမည်ဖြစ်ပြီး အတွေ့ကြုံနည်းသည့်အတွက် ပေးအပ်သည့်တာဝန်ကို နိုင်နင်းစွာမထမ်းနိုင်မည်ကို စိုးရိမ်ကြောင်း လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဖြစ်လာသည့် ဦးဟိုပင်က ပြောကြားသည်။


“အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ နိုင်ငံခြားသားတစ်ယောက်ကို သင်္ကန်းဝတ်ပေးသလိုဖြစ်နေတယ်” ဟု ၀န်ကြီးဖြစ်လာသည့်အတွေ့အကြုံအသစ်နှင့်ပတ်သက်၍ ဦးဟိုပင်က မှတ်ချက်ပြုသည်။


တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်တာဝန်ကို မတ်လ ၃၁ ရက်နေ့တွင် လွှဲပြောင်းရယူခဲ့ပြီး ၀န်ကြီးချုပ်အချင်းချင်းလွှဲပြောင်းခဲ့ခြင်းမျိုးမဟုတ်ဘဲ အစိုးရအဖွဲ့အတွင်းရေးမှူး(တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး) ဦးခိုင်ထွန်းဦးမှတဆင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကာ ဌာနတစ်ခုချင်းအလိုက် တစ်ဖြည်းဖြည်းလွှဲပြောင်းလျက်ရှိကြောင်း ၀န်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်ထံမှ သိရသည်။


ခန့်အပ်လိုက်သော ၀န်ကြီးများ အားလုံးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ ဖြစ်ပြီး ပြင်ပမှ ပါဝင်ခြင်းမရှိပေ။


Dawei Watch  


Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template