Headlines News :
Home » » ဗီယက်နမ် သမ္မတသစ် ရွေးချယ်

ဗီယက်နမ် သမ္မတသစ် ရွေးချယ်

Written By Live100 on Sunday, April 3, 2016 | 12:22 AM

ဗီယက်နမ် လူထုလုံခြုံရေး ၀န်ကြီးဌာန အကြီးအကဲ Tran Dai Quang (လယ်) ကို ကွန်မြူနစ် ပါတီ အကြီးအကဲများနှင့်အတူ ဇန်န၀ါရီလ ၂၈ရက်နေ့က ဗီယက်နမ် အမျိုးသားကွန်ဂရက် ညီလာခံ ပိတ်ပွဲတွင် တွေ့ရစဉ်။ ဓါတ်ပုံ - (REUTERS/Kham TPX)


 02.04.2016 
ဗီယက်နမ်နိုင်ငံမှာ နောက်တက်မယ့်သမ္မတ အဖြစ် ထိပ်တန်းရဲအရာရှိတယောက်ကို ဗီယက်နမ် အမျိုးသားလွှတ်တော်က ရွေးချယ်လိုက်ပါတယ်။ နိုင်ငံရေး အပြောင်းအလဲတွေဖြစ်နေတဲ့ ကွန်မြူနစ် ဗီယက်နမ်နိုင်ငံမှာ လာမယ့်ရက်တွေ အတွင်း ၀န်ကြီးချုပ်သစ် တဦးကိုလည်း ရွေးချယ်ကြမှာဖြစ်ပါတယ်။
ဗီယက်နမ် လွှတ်တော်အမတ်တွေက အဓိကအားဖြင့် ပွဲတက်ရာထူး သဘောပဲဖြစ်တဲ့ သမ္မတအဖြစ် Tran Dai Quang ကို ဒီကနေ့မှာပဲ အမည် တင်သွင်းခဲ့ကြတာပါ။ ဒီရာထူးဟာ နိုင်ငံခေါင်းဆောင်နဲ့ စစ်ဖက်ဆိုင်ရာအကြီးအကဲ ရာထူးလည်းဖြစ်ပြီး၊ ကွန်မြူနစ်ပါတီဦးဆောင်တဲ့ ဗီယက်နမ်နိုင်ငံ ဖွဲ့စည်းပုံအရ တော့နိုင်ငံရဲ့ ဒုတိယအမြင့်ဆုံးနေရာဖြစ်ပါတယ်။
Quang အတွက် စိန်ခေါ်မှုတွေ ထဲမှာတော့ တရုတ်နိုင်ငံနဲ့ ဖြစ်ပွါးနေတဲ့ တောင်တရုတ်ပင်လယ်ပြင်တွင်း ရေပိုင်နက်အငြင်းပွါးမှု ပါဝင်ပါတယ်။ ဗီယက်နမ်ရဲ့  အခန်းကဏ္ဍကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ မြင့်တင်ဖို့ သမ္မတသစ် Quang ကသံအဓိဌာန်ချထားပါတယ်။
နောက်သီတင်းပတ် အတွင်းမှာတော့ အစိုးရကိုဦးဆောင်ပြီး နိုင်ငံစီးပွါးရေးကို တာဝန်ယူရမယ့် ၀န်ကြီးချုပ်ရာထူးကို လွှတ်တော်အမတ်တွေ ရွေးချယ်ကြမှာပါ။ ဒီကာလဟာ ဗီယက်နမ်နိုင်ငံတွင်း ထိပ်ပိုင်းခေါင်းဆောင် အတော်များများ ပင်စင်ယူသွားကြတဲ့အတွက် နိုင်ငံရေးအပြောင်းအလဲတွေဖြစ်တဲ့အချိန်ဖြစ်ပါတယ်။
လာမယ့်မေလအတွင်း အမေရိကန်သမ္မတ အိုဘားမားရဲ့ အလည်အပတ် ခရီးစဉ်အတွက်လည်း ဗီယက်နမ်နိုင်ငံက ပြင်ဆင်မှုတွေလုပ်နေပါတယ်။
VOA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template