Headlines News :
Home » » နေပြည်တော်တွင် မြို့တော်ဝန်မဏ္ဍပ်လုပ်ရန် မသေချာကြောင်း မြို့တော်ဝန်ပြော

နေပြည်တော်တွင် မြို့တော်ဝန်မဏ္ဍပ်လုပ်ရန် မသေချာကြောင်း မြို့တော်ဝန်ပြော

Written By Live100 on Sunday, April 3, 2016 | 2:16 PM



လာမယ့် မြန်မာ့ရိုးရာ အတာသင်္ကြန်မှာ မြို့တော်ဝန်မဏ္ဍပ်လုပ်ဖို့ မသေချာဘူးလို့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။
“ခုတော့ ကိုယ်ပိုင်မဏ္ဍပ်တွေ စီစဉ်ထားတာ၊ အတည်ပြုထားတာ ရှိတယ်။ ဒီနေ့တောင် ၂ ရက်ရှိနေပြီ။ အရင်ကဆိုရင် မတ်လ ဒုတိယပတ်လောက်က စပြီး စီစဉ်ရတယ်။ လုပ်မယ်ဆိုရင် ကသီလင်တနိုင်မယ်လို့ ဒီနေ့ ပဏာမ တွေ့ဆုံမေးမြန်းတဲ့အခါ သိရတဲ့အတွက် ဒီနှစ်လည်း မလုပ်ဘူးလို့ ယာယီ စဉ်စားထားကြပါတယ်” လို့ သူက ပြောပါတယ်။
နေပြည်တော် ဟိုတယ်ဇုန်မှာတော့ လက်ရှိ စကိုင်နက် (ရွှေသံလွင်) နဲ့ ACE ကုမ္ပဏီတို့ရဲ့ မဏ္ဍပ် ၂ ခု ဆောက်လုပ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ နေပြည်တော်မှာ သင်္ကြန်ရေကစားမဏ္ဍပ် ၆ ခုလောက် ရှိခဲ့ပါတယ်။
ရန်ကုန်မြို့မှာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မဏ္ဍပ်ကို သီးခြားမလုပ်တော့သလို မြို့တော်ဝန်မဏ္ဍပ်ဆိုပြီိးလည်း အမည်မတပ်ဘဲ ရန်ကုန်မြို့တော်ဗပာိုမဏ္ဍပ်လို့ အမည်ပေးပြီး  မြို့တော်ခန်းမရှေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့က ကန်တော်ကြီးပတ်လမ်းမှာ စီးပွားဖြစ် ဆောင်ရွက်နေတဲ့ မဏ္ဍပ်တွေ ဆောက်မယ့်ကိစ္စကိုလည်း ခွင့်မပြုတော့ဘူးလို့ ကြေညာထားပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template