တောင်ပစိဖိတ်ကျွန်းနိုင်ငံ ဗာနူအာကျွန်း မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်) |
သြစတြေးလျတိုက်၏ အရှေ့မြောက်ဘက်ရှိ တောင်ပစိဖိတ်ကျွန်းနိုင်ငံ တစ်ခုဖြစ်သော ဗာနူအာ (Vanuatu) ကျွန်းနိုင်ငံ၌ ပြင်းအား ၆.၉ ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု ဧပြီလ ၃ ရက် ပေကျင်းစံတော်ချိန် ညနေ ၄း၂၃ နာရီအချိန်၌ လှုပ်ခတ်ခဲ့ကြောင်း တရုတ်ငလျင်ကွန်ရက် စင်တာ အရသိရသည်။
ငလျင်ဗဟိုချက်မှာ တောင်လတ္တီကျု ၁၄.၂ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၆၆.၈ ဒီဂရီတွင် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အစောပိုင်းသတင်းများအရ ငလျင်ပြင်းအားမှာ ၇ ရစ်ခ်ျတာစကေးရှိပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်ထား ကြောင်း သတင်းဋ္ဌာနအချို့က ဖော်ပြထားသည်။
(Xinhua)