NLD အစိုးရသစ်ဟာ တာဝန်ယူတာ တစ်ပတ်ကြာမြင့်တဲ့အချိန်မှာ
တရုတ်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ လာရောက်ဂုဏ်ပြုတဲ့အတွက်
ကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က
ပြောပါတယ်။
ဒီကနေ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ၀မ်ယီ Wang Yi နဲ့
ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ဂုဏ်ယူကြောင်း
ပြောကြားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ တကမ္ဘာလုံးနဲ့
ခင်မင်ရင်းနှီးစွာဆက်ဆံရေး၊ လူသားအားလုံး တိုးတက်ရေး ဆိုတဲ့ ယုံကြည်ချက်အရ
ချမှတ်ထားတာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး က မြန်မာနဲ့ တရုတ် နှစ်နိုင်ငံဆက်ဆံရေးဟာ
ချစ်ကြည်ရေးပေါ်လစီအဖြစ် ဆက်လက်ထားရှိသွားမှာဖြစ်ပြီး တည်ငြိမ်မှုရှိတဲ့
ချစ်ကြည်ရေးအဖြစ် စကားပြန်ကတဆင့် ပြောကြားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ ဖံွ့ဖြိုးတိုးတက်ရေးနဲ့
မြန်မာပြည်သူတွေရဲ့ဘ၀မြှင့်တင်ရေးတွေမှာ တရုတ်အစိုးရက
ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားပါတယ်။
RFA Burmese