Headlines News :
Home » » မိုးစပါးစိုက် တောင်သူများအတွက် တစ်ဧက ကျပ် ငါးသောင်း ထုတ်ချေးသွားမည်

မိုးစပါးစိုက် တောင်သူများအတွက် တစ်ဧက ကျပ် ငါးသောင်း ထုတ်ချေးသွားမည်

Written By လွင့်မောင်မောင် on Wednesday, June 20, 2012 | 1:11 PM

Wednesday, 20 June 2012 11:37
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်ရာသီအတွက် တစ်ဧကလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တိုးမြှင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ယင်းကဲ့သို့ ထုတ်ချေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများ အကျေအလည်ဆပ်ယူပြီးသည့် လယ်သမားများကိုသာ ထုတ်ချေးသွားမည်ဖြစ်ပြီး တစ်ဧက ငွေကျပ် ငါးသောင်းအား တလုံးတခဲ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။
''တစ်ဧက ကျပ် ငါးသောင်းက မိုးစပါးရော၊ နွေစပါးအတွက်ပါ ဖြစ်ပါတယ်။ ဒီနှစ် မိုးစပါးစိုက်ရာသီ အစောပိုင်းမှာ တချို့လယ်သမားတွေ တစ်ဧက ကျပ်လေးသောင်းနှုန်းနဲ့ ထုတ်ယူထားတာတွေ ရှိပါတယ်။ ဒီလယ်သမားတွေလည်း ထပ်ရမယ့် ကျပ်တစ်သောင်းကို လာထုတ်နိုင်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပြောကြားခဲ့ပါသည်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ပြီးခဲ့သည့် မိုးစပါးစိုက်ရာသီတွင် ဘဏ်ချေးငွေများကို တစ်ဧက ကျပ်နှစ်သောင်းမှ ကျပ်လေးသောင်းသို့ တိုးမြှင့်ထုတ်ချေးပေးခဲ့ပြီး၊ ၂၀၁၂ ခုနှစ် ဧပြီလအတွင်း ဘဏ်တိုးနှုန်းအား ၁၃ ရာခိုင်နှုန်းမှ ၈ ဒဿမ ၅ ရာခိုင်နှုန်းသို့ လျော့ချသတ်မှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template