Headlines News :
Home » » သတင်းစာဆရာကြီး လူထုစိန်ဝင်း ဈာပန

သတင်းစာဆရာကြီး လူထုစိန်ဝင်း ဈာပန

Written By လွင့်မောင်မောင် on Wednesday, June 20, 2012 | 8:22 PM



တာရာဝေယံ)


ယမန်နေ့ နေ့လည် ၂ နာရီက ရေဝေးသုဿန်မှာ သတင်းစာဆရာကြီး လူထုစိန်ဝင်းရဲ့ ဈာပနကို မီးသဂြိုဟ် ပြီးစီးခဲ့ပါတယ်။ နိုင်ငံရေး၊ စာပေနဲ့ စာနယ်ဇင်း အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ၊ လူထုပရိသတ် တစ်ထောင် ကျော် လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ဈာပနမချမီ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့က ဆရာလူထုစိန်ဝင်းအတွက် ၀မ်းနည်းစကား၊ အမှတ်တရစကားများ ပြောကြားခဲ့ကြပါတယ်။ ဆရာလူထုစိန်ဝင်းရဲ့ နောက်ဆုံးခရီးအတွက် ပုံတူပန်းချီကားကို ပန်းချီမောင်ညိုဝင်းက ရေးဆွဲပေးတာ ဖြစ်ပါတယ်။






ကွယ်လွန်သူကို ရည်စူးပြီး ဇွန် ၂၃ ၂၀၁၂ စနေနေ့၊ နံနက် ၇ နာရီက ၁၀ နာရီအထိ ရက်လည်ဆွမ်းကျွေး တရားတော်နာမှာ ဖြစ်တဲ့အတွက် အမှတ် ၅၀၁၊ ပထပ်၊ ကုန်သည်လမ်း၊ ၃၉လမ်းထိပ်၊ ကျောက်တံတားမြို့နယ် နေအိမ်သို့ ကြွရောက်ကြပါရန် ကျန်ရစ်သူမိသားစုက ဖိတ်ကြားထားကြောင်း သတင်းရရှိပါတယ်။








ညွှန်း - moemaka.com
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template