Headlines News :
Home » » စစ်ရေးနည်းဖြင့်မဖြေရှင်းရဘဲ RCSS/SSA နှင့် UWSA တို့ သဘောတူညီရရှိ

စစ်ရေးနည်းဖြင့်မဖြေရှင်းရဘဲ RCSS/SSA နှင့် UWSA တို့ သဘောတူညီရရှိ

Written By လွင့်မောင်မောင် on Wednesday, June 20, 2012 | 2:57 PM



သျှမ်းပြည်တပ်မတော် အမှတ် ၁ ကျိုင်းတုံစစ်ဒေသမှူးနှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တပ်မဟာ ၇၇၅ တပ်မဟာမှူးတို့ အချက် လေးချက် ဆွေးနွေးသဘောတူညီမှုရရှိကာ တင်းမာမှုများလျော့ကျသွားပြီဖြစ် ကြောင်း လွယ်ကော်ဝမ်းအေခြစိုက် SSA အရာရှိများကပြောသည်။
yan_guo_gyoung၇၇၅ တပ်မဟာမှူး ယန်ကော်ကျုံး

“ ကျနော်တို့ လွယ်ကော်ဝမ်းဌာနချုပ်အမှတ် ၁ စစ်ဒေသမှူး ဗိုလ်မှူးကြီးကွဏ်းဇင့်နဲ့ အမှတ် ၇၇၅ ရဲ့ ဝ တပ်မဟာ မှူး ယန်ကော်ကျုံးတို့ ဖုန်းထဲကနေ ဆွေးနွေးပြီး အချက် ၄ ချက်ကို သဘောတူညီမှုရရှိခဲ့ကြတယ်။ ကျနော်တို့ လုပ်နေဆဲ ယာခင်းတွေကို ဆက်လက်လုပ်ကိုင်သွားဖို့လဲ ဝ ဖက်က သဘောတူခဲ့တယ်” ဟု လွယ်ကော်ဝမ်း အခြေစိုက် သျှမ်းပြည်တပ်မတော်၏ အရာရှိတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။


ယခုလ ၁၆ ရက်နေ့က သျှမ်းပြည်တပ်မတော်၏ လွယ်ကော်ဝမ်းဌာနချုပ်သို့ ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ် မတော်က အင်အားဖြည့် ချဉ်းကပ်လာမှုကြောင့် ၄ ရက်ကြာ နှစ်ဦးနှစ်ဘက် စစ်ရေးအရတင်းမာရာမှ ယမန်နေ့က နှစ်ဘက်ခေါင်းဆောင်များ တယ်လီဖုန်းဖြင့်ဆွေးနွေးခဲ့ကြပြီး ပြန်လည်အဆင်ပြေခဲ့ကြပြီဖြစ်ကြောင်း SSA ခေါင်း ဆောင်များကပြောသည်။

“ဝ ခေါင်းဆောင်ဖက်က ကျနော်တို့ကို အချက် ၃ ချက်တောင်းဆိုတယ်။ ၁- သူတို့ထိန်းချုပ်နယ်မြေထဲ ကျူးကျော် ဝင်ရောက်ခြင်းမပြုဖို့။ ၂- ကျနော်တို့တပ်စခန်းတွေ နေရာတွေ တိုးချဲ့တည်ဆောက်ခြင်းမပြုဖို့နဲ့ ၃- တဖက်နယ် မြေထဲကို တဖက်က ဝင်ရောက်တော့မယ်ဆိုရင် ကြိုတင်အကြောင်းကြားကြဖို့ စတာတွေပါတယ်။ ကျနော်တို့ သဘောတူလိုက်လျောပေးတယ်။ ဒါကြောင့် ၄-၅ ရက်အတွင်းတင်းမာနေမှုတွေ လျော့ကျသွားပြီလို့ပြောနိုင်ပါ တယ်။ ဒါပေမယ့် ကျနော်တို့ ဌာနချုပ်ရဲ့ မြောက်ဖက် မီတာ ၂၀၀၀ အကွာမှာရှိနေတ့ ဝ တပ်ဖွဲ့ရဲ့ အင်အားတွေ ပြန်ရုပ်သိမ်းသွားပြီလားဆိုတာ စစ်ဆေးနေဆဲဖြစ်တယ်” ဟု ဗိုလ်မှူးကြီးကွဏ်းဇင့် ကပြောသည်။

ယခုလ ၁၆ ရက်နေ့က မိုင်းယွန်း အခြေစိုက် ဝ တပ်မဟာ ၅၁၈ မှ စစ်ကားအစီး ၅၀ (ကားတစီး အင်အား ၂၀ - ၃၀ ကြား) နှင့် ဟွေ့အော်အခြေစိုက် တပ်မဟာ ၇၇၅ မှစစ်ကား ၁၀ စီးတို့ လွယ်ကော်ဝမ်းဌာနချုပ်သို့ချဉ်းကပ် ရောက်ရှိလာခြင်းဖြစ်ပြီး၊ ၎င်းနှင့်ပတ်သက်၍ လွယ်ကော်ဝမ်းဌာနချုပ် အမှတ် ၁ စစ်ဒေသမှူး ဗိုလ်မှူးကြီး ကွဏ်းဇင့်က“ ငြိမ်းချမ်းသော နည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်အောင် ကြိုးစားနေကြောင်း ” သျှမ်းသံတော်ဆင့် သို့ပြော သည်။

နယ်စပ်လုံခြုံရေးထိုင်းတပ်ဖွဲ့ကမူ နယ်စပ်သို့ ဒုက္ခသည်များထပ်မံရောက်လာမည်ကို စိုးရိမ်သဖြင့် ဝ တပ်ဖွဲ့အား ပဋိပက္ခ မစတင်မိရန်သတိပေးတားမြစ်ခဲ့သေးသည်ဟု ထိုင်းလုံခြုံရေးအရာရှိတဦးကပြောသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့သည် ၂၀၀၀ - ၀၁ တိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ဖူး၏။ ထို့အတူ ၂၀၀၅ ခုနှစ်တွင်လည်း ဝ တပ်ဖွဲ့ မှ တပ်သားတဦးပျောက်ဆုံးသည့်ကိစ္စ နှင့် သောက်သုံးရေကိစ္စတို့ကြောင့် တလကျော်ကြာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီးဘူးသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template