Headlines News :
Home » » ဂျပန်နိုင်ငံ၏ ဒုတိယမြောက် မုန်တိုင်း လာဦးမည်လော

ဂျပန်နိုင်ငံ၏ ဒုတိယမြောက် မုန်တိုင်း လာဦးမည်လော

Written By လွင့်မောင်မောင် on Wednesday, June 20, 2012 | 12:54 PM

By mmweather.ygn, on June 20th, 2012 ဂျပန်နိုင်ငံ ဟွန်ရှုးကျွန်းကြီးကို Higashimuro, Shingu စတဲ့ မြို့များအနီးမှ ကုန်းတွင်းကို စတင်ဝင်ရောက်ကာ  တိုကျိုမြို့တော် မြောက်ဘက် မိုင် ၈၀ ကျော်ခန့်မှ ဖြတ်သန်းဝင်ရောက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း GUCHOL(05W) ဟာ ဇွန်လ ၁၉ ရက် ည သန်းခေါင်မှာ လေဖိအားနည်း ရပ်ဝန်း အဆင့်နဲ့ ဟွန်ရှုးကျွန်းမြောက်ပိုင်း၊ Futaba မြို့ပေါ်မှ ဖြတ်ပြီး ဂျပန်ပင်လယ်မြောက်ပိုင်း ရေပြင်ကို ပြန်လည် ဆင်းသက်သွားပြီဖြစ်ပါတယ်။ လေဖိအားနည်းရပ်ဝန်း GUCHOL အနေနဲ့ ပြန်လည် အားကောင်းလာခြင်း မရှိနိုင်တော့ပဲ တဖြည်းဖြည်း အားပျော့ပျက်ပျယ်သွားမယ်လို့ ခန့်မှန်းထားပါတယ်။
ဇွန်လ ၂၀ ရက် နောက်ဆုံးရရှိတဲ့ NRL data များအရ လေဖိအားနည်းရပ်ဝန်း ဖြစ်သွားတဲ့ 05W(GUCHOL)ဟာ ဖူကူရှီးမားမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် မိုင် ၂၀၀ ခန့်မှာ တည်ရှိနေပြီး ပြန်လည်အားကောင်းလာနိုင်ခြင်း ရှိမရှိကို စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဂျပန်မိုးလေဝသဌာနက ကြေငြာထားပါတယ်။

05W GUCHOL
20 Jun 2012 0000Z
Location: 38.6 144.0
Winds: 35 knots
Central Pressure: 996 hPa
တစ်ဆက်တည်းမှာပဲ တောင်တရုတ်ပင်လယ်မှာ ဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်း TALIM(06W) ဟာ ထိုင်ဝမ်ရေလက်ကြားကို ဝင်ရောက်ဖို့ ဦးတည်နေပြီး၊ တိုင်ပေမြို့ အနောက်တောင်ဘက် မိုင် ၃၀၀ ခန့်မှာ ဗဟိုပြုနေပါတယ်။ မုန်တိုင်း TALIM ဟာ အရှေ့မြောက်ဘက်ကို တစ်နာရီ ၁၀ မိုင်နှုန်းခန့်နဲ့ ဆက်လက်ရွေ့လျားနေပြီး လာမဲ့ ၂၄ နာရီအတွင်း ထိုင်ဝမ်ရေလက်ကြားကို ကျော်ဖြတ်ကာ အရှေ့တရုတ်ပင်လယ်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အဲဒီကမှ အရှေ့ဘက်ကို ဆက်လက်ရွေ့လျားပြီး ၄၈ နာရီအတွင်း ဂျပန်နိုင်ငံ ကျူရှုးကျွန်းတောင်ပိုင်း ကာဂိုရှီးမား(Kagoshima) မြို့အနီးမှ ကုန်းတွင်းကို ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်း TALIM ဟာ ၂၀၁၂ ခုနှစ်မှာ၊ ဂျပန်နိုင်ငံအတွက် ကုန်းတွင်းကို ဝင်ရောက်တိုက်ခတ်မဲ့ ဒုတိယမြောက် မုန်တိုင်း ဖြစ်လာနိုင်ပါတယ်။
06W TALIM
20 Jun 2012 0000Z
Location: 22.8 117.6
Winds: 45 knots
Central Pressure: 989 hPa
 


 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template