ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ပုဏ္ဍားကျွန်းကျေးရွာတွင်အခြေခံပညာကျာင်းများ
ပြန်လည်ဖွင့်ထားသော်လည်း ကျောင်းသားများမှာ
စာသင်ခန်းထဲမရောက်ရှိနိုင်ဘဲမိသားစုစားဝတ်နေရေးကိုကူညီနေရဆဲဖြစ်ကြောင်း
(၈၈)မျိုးဆက်ကျောင်းသားများ၏ ရခိုင်ပြည်နယ်ခရီးစဉ်ကသိရှိရသည်။
"ကျောင်းတွေကိုမေလ(၅)ရက်နေ့က
စပိတ်ထားတာမေ(၁၈)ရက်နေ့ကြတော့ဗိုလ်မှူးလှမင်းကလာပြီးကျောင်းတွေပြန်ဖွင့်
ပါဆိုပြီးပြန်ဖွင့်ခိုင်းထားတယ်လို့ဒေသခံတွေကပြောပြတယ်” ဟု
(၈၈)မျိုးဆက်ကျောင်းသူတစ်ဦးဖြစ်သူမမီးမီးကပြောသည်။
ကျောင်းများပြန်လည်ဖွင့်နိုင်သော်လည်း
ကျောင်းနေအရွယ်ကလေးများအားကျောင်းသားမိဘများက စားဝတ်နေရေး အခက်အခဲကြောင့်
စာသင်ခန်းထဲသို့မရောက်ရှိနိုင်ကြသေးကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်တွင်စစ်တွေမြို့မှအပကျန်မြို့နယ်နှင့်ကျေးရွာအချို့တွင်အစိုးရကျောင်းများပြန်လည်ဖွင့်လှစ်လာကြောင်းကိုလည်း သိရှိရသည်။
"ကျောင်းပြန်ဖွင့်ထားပေမဲ့
ကျောင်းသားမိဘတွေကစားဝတ်နေရေးအတွက်လှုပ်ရှားရုန်းကန်နေရတာ ကြောင့်
ကျောင်းနေအရွယ်ကလေးတွေကို ကျောင်းထားဖို့မစီစဉ်သေးနိုင်တာပါ" ဟု ၈၈
မျိုးဆက်ကျောင်းသူတစ်ဦးဖြစ်သူ မနီလာသိန်းက ပြောသည်။
(၈၈)မျိုးဆက်ကျောင်းသားများက
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများကိုပစ္စည်းများ သွားရောက်လှူဒါန်းရင်း
ယခုကဲ့သို့ သိရှိခဲ့ခြင်းဖြစ်သည်။“ကျွန်မတို့က(၂၀)ရက်နေ့ကရောက်ပြီး
ရခိုင်ပြည်နယ်မှာရှိတဲ့ဒုက္ခသည်စခန်းအကုန်လုံးကို သွားရောက်ပြီး
ဒေသခံတွေကိုနှစ်သိမ့်အားပေးစကားပြောတာပါ၊ ဖြစ်ပေါ်နေတဲ့
နိုင်ငံရေးအခြေအနေအရပ်ရပ်ကိုလေ့လာနေပါတယ်၊ လှူဒါန်းမယ့်
ပစ္စည်းတွေကတော့(၂၄)ရက်နေ့မှရောက်မယ်"ဟု၈၈မျိုးဆက်ကျောင်းသူ မမီးမီးက
ပြောသည်။
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့
ပစ္စည်းများလှူနိုင်ရန်(၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးတွင် အလှူခံဌာန
ဖွင့်လှစ်ထားကြောင်းသိရှိရသည်။"ကျွန်တော်တို့ ရုံးခန်းမှာ
ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကိုပစ္စည်း၊ ဆေးဝါး၊ အသုံးအဆောင်၊
အဝတ်အထည်၊ငွေကြေးတို့ကိုလာရောက်လှူဒါန်းနိုင်ဖို့ အလှူခံဌာနဖွင့်ထားပြီး
အကူအညီလိုအပ်နေသူတွေကို သွားလှူမှာပါ "ဟု (၈၈)
မျိုးဆက်ကျောင်းသားတဦးဖြစ်သူကိုဘောင်းဘောင်းမှပြောသည်။
ဝေယံမိုးဦး(မြစ်မခ)
by Myit Makha Mediagroup