Headlines News :
Home » » အမည်မသိ ဆီများကို သတိထားပါ

အမည်မသိ ဆီများကို သတိထားပါ

Written By လွင့်မောင်မောင် on Thursday, June 21, 2012 | 11:28 AM

hursday, June 21, 2012  အိမ့်သံစဉ်
~

photo - http://uk.wikipedia.org


စားသုံးဆီတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးအရ မစားသုံးသင့်တဲ့ ဆီများ ကို သတိထားဖို့လိုပါတယ် လို့ ဒီကနေ့ သတင်းစာမှာ ရေးထားပါတယ်။

အခု အခါမှာ အသုံးပြုပြီး စားသုံးဆီများကို ပြန်လည် ပုံပြောင်းပြီး ဖြန့်ဖြုးရောင်းချမှုများရှိနေလို့ အခုလို သတိပေးတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တဖက်နိုင်ငံက ၀င်လာတဲ့ဆီတွေကို စစ်ဆေးကြည့်ရာမှာ အဲဒီလို တွေ့ရတာပါ တဲ့။



ထိုင်းနိုင်ငံမှာတော့ အပေါ်ပုံမှာ တွေ့ရတဲ့အတိုင်း စားသုံးဆီ ဆိုတာတွေကို အိတ်နဲ့ထုပ်ရောင်းနေပါတယ်။ တချို့အိတ်တွေက တံဆိပ်ပါသလို တချို့ကတော့ ဘာတံဆိပ်မှ မပါပါဘူး။

သတင်း အဆုံးပိုင်းမှာ အမည်မသိ ဆီများကို သတိထားပါ လို့ ဖော်ပြထားပါတယ်။ တံဆိပ်မပါတဲ့ဆီများကို ရည်ရွယ်လိုဟန် တူပါတယ်။

တံဆိပ် မပါရင် အရောင်းအ၀ယ် မလုပ်နဲ့၊ ဘယ်တံဆိပ်တွေက စိတ်ချရတယ် ဆိုတဲ့ အခြေအနေကို ဘယ်တော့ ရောက်မယ် ဆိုတာတော့ မသိရပါဘူး။

မြန်မာပြည်ထက် ခေတ်ရှေ့ပြေးပြီး ပြည်သူ့ကျန်းမာရေးကို ဂရုစိုက်တဲ့ ထိုင်းနိုင်ငံမှာတောင် တံဆိပ်မပါ အာမခံချက် မပါတဲ့ ဆီတွေကို ရောင်းချနေကြပါတယ်။



Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template