Headlines News :
Home » » မီဒီယာဥပဒေ မထုတ်ပြန်မီ မီဒီယာသမားများအား နေပြည်တော်သို့ ခေါ်ယူ၍ ၎င်းတို့၏ အကြံပေးချက်များ ဆွေးနွေးသုံးသပ်ချက်များ ရယူပြီးမှ ဥပဒေကို ထုတ်ပြန်မည်ဖြစ်ကြောင်း သိရ

မီဒီယာဥပဒေ မထုတ်ပြန်မီ မီဒီယာသမားများအား နေပြည်တော်သို့ ခေါ်ယူ၍ ၎င်းတို့၏ အကြံပေးချက်များ ဆွေးနွေးသုံးသပ်ချက်များ ရယူပြီးမှ ဥပဒေကို ထုတ်ပြန်မည်ဖြစ်ကြောင်း သိရ

Written By လွင့်မောင်မောင် on Wednesday, June 20, 2012 | 12:23 PM

Wednesday, 20 June 2012 10:06   Eleven Media Group
ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီနှင့် မီဒီယာများ၏ တွေ့ဆုံ
မီဒီယာဥပဒေ မထုတ်ပြန်မီ မီဒီယာသမားများအား နေပြည်တော်သို့ ခေါ်ယူ၍ ၎င်းတို့၏ အကြံပေးချက်များ ဆွေးနွေးသုံးသပ်ချက်များ ရယူပြီးမှ ဥပဒေကို ထုတ်ပြန်မည်ဖြစ်ကြောင်း ဇွန်လ ၁၉ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီနှင့် မီဒီယာများ၏ တွေ့ဆုံပွဲတွင် ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က ပြောကြားခဲ့ပါသည်။

ယင်းတွေ့ဆုံပွဲကို ဟိုတယ်ရန်ကုန်တွင် ကျင်းပခဲ့ပြီး ဇွန်လ ၂၁ ရက် နေ့တွင်လည်း ကော်မတီနှင့် မီဒီယာများတွေ့ဆုံပွဲကို ဟိုတယ်ရန်ကုန်၌ ပင်ထပ်မံကျင်းပမည်ဖြစ်ကာ ဇွန်လ ၁၉ ရက်နေ့ တွေ့ဆုံပွဲသည် ၂၁ ရက်နေ့ပွဲအတွက် အကြို တွေ့ဆုံဆွေးနွေးပွဲသာဖြစ်ကြောင်း သိရသည်။
မီဒီယာဥပဒေကို ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲနေပြီး ရှေ့နေချုပ်ရုံးသို့ ပို့ထားကြောင်း ထို့နောက်တွင်မှ လွှတ်တော်သို့ ရောက်ရှိလာပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကာ ဥပဒေကို ပြဋ္ဌာန်းမည်ဖြစ်ကြောင်း ဥပဒေနှင့်ပတ်သက်၍ စာပေ၊ စာနယ်ဇင်းမှ ပုဂ္ဂိုလ်များအနေဖြင့် အကြံဉာဏ်များ ပေးနိုင်ကြောင်း၊ ဆွေးနွေးသုံးသပ်နိုင်ကြောင်း ဥက္ကဋ္ဌ သူရဦးအေးမြင့်က ပြောကြားခဲ့ပါသည်။
ယင်းသို့ အကြံဉာဏ်များပေးနိုင် ဆွေးနွေးသုံးသပ်နိုင်ရန် ယခုကဲ့သို့ အကြိုတွေ့ဆုံပွဲနှင့် ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးချက်အကြံပြုချက်များကို စာတမ်းအနေဖြင့် တင်နိုင်ပြီး စာတမ်းပါ အချက်အလက်များးကို ဥပဒေရေးဆွဲရာတွင် လိုအပ်သလို ထည့်သွင်း ရေးဆွဲသွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ သူရဦးအေးမြင့်က ပြောကြားခဲ့ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန ရေးဆွဲသည့် မီဒီယာဥပဒေကဲ့သို့ မီဒီယာဥပဒေ နောက်တစ်မျိုးကို ကော်မတီအနေဖြင့် ထပ်မံရေးဆွဲမည် မဟုတ်သော်လည်း ပြန်ကြားရေးဝန်ကြီးဌာနမှ ပေးပို့လာသည့် ဥပဒေအပေါ်တွင် လိုအပ်သည်များကို ပြင်ဆင်ဖြည့်စွက်မည်ဖြစ်သကဲ့သို့ မလိုသည်များကိုလည်း ဖြုတ်ထားခဲ့မည် ဖြစ်ကြောင်း . . .
ထို့အပြင် မီဒီယာဥပဒေအား ရေးဆွဲရာ၌ ပြန်ကြားရေးဝန်ကြီးဌာန ရေးဆွဲသည့် မီဒီယာဥပဒေကဲ့သို့ မီဒီယာဥပဒေနောက်တစ်မျိုးကို ကော်မတီအနေဖြင့် ထပ်မံရေးဆွဲမည် မဟုတ်သော်လည်း ပြန်ကြားရေးဝန်ကြီးဌာနမှ ပေးပို့လာသည့် ဥပဒေအပေါ်တွင် လိုအပ်သည်များကို ပြင် ဆင်ဖြည့်စွက်မည်ဖြစ်သကဲ့သို့ မလိုသည်များကိုလည်း ဖြုတ်ထားခဲ့မည်ဖြစ်ကြောင်း သူရဦးအေးမြင့်ကပင် ဖြည့်စွက် ပြောကြားခဲ့ပါသည်။
ယင်းဆွေးနွေးပွဲတွင် မီဒီယာသမားများကလည်း မီဒီယာဥပဒေထဲတွင် ထည့်သွင်းရေးဆွဲသင့်သည်များကို အကြံပြု ပြောကြားခဲ့ရာ မီဒီယာသမားများကို ပိုမိုချုပ်ချယ်သည့် ဥပဒေမျိုး မဖြစ်စေရန် မီဒီယာလွတ်လပ်ခွင့်ကို ပိုမိုရရှိစေရန် မီဒီယာသမားများကို အကာအကွယ်ဖြစ်စေမည့် ဥပဒေမျိုးသာ ဖြစ်စေရန် စာပေစိစစ်ရေးအား မထားတော့ရန်တို့ကို အကြံပြု ပြောကြားခဲ့ပါသည်။
အလားတူ မီဒီယာဥပဒေထဲတွင် မီဒီယာသမားများအတွက် ကင်းလွတ်ချက်များ ထည့်သွင်းရန်၊ ထောင်ဒဏ်များ မထည့်သွင်းဘဲ တရားမကြောင်းအရ ငွေဒဏ်များသာ ထည့်သွင်းရန် အခြားဥပဒေများတွင် မည်သို့ ပြဋ္ဌာန်းထားစေကာမူ မီဒီယာသမားများနှင့် ပတ်သက်သည့် အရေး ကိစ္စများ၊ မီဒီယာသမားများအား အရေးယူရန်၊ ကိစ္စများကို မီဒီယာဥပဒေ တစ်ခုတည်းနှင့်သာ ဖြေရှင်းရန်တို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲအပြီးတွင် ဇွန်လ ၂၁ ရက်နေ့တွင် ထပ်မံပြုလုပ်မည့် ဆွေးနွေးပွဲအတွက် ပွဲအစီအစဉ်များကိုလည်း ညှိနှိုင်း ဆောင်ရွက်ခဲ့ကြပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template