ဓာတ်ပုံများ - Htein Lin
မြန်မာနိုင်ငံက နံမည်ကျော် လူရွှင်တော် ကိုဇာဂနာဟာ ဒပ်ဗလင်ကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို သွားရောက်ကြိုဆိုခဲ့ပါတယ်။
ကမ္ဘာကျော် U2 အဆိုတော် ဘိုနိုရဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည် က အိုင်ယာလန်နိုင်ငံ ကို လိုက်ပါလာခဲ့ပြီး ဆုများလက်ခံတာ၊ တေး ဂီတတွေနဲ့ ဖျော်ဖြေတာတွေကို ရှု့စားခဲ့ပါတယ်။ အဆိုတော် ဘိုနိုနဲ့လည်း ကိုဇာဂနာတို့ ဆုံဆည်းဖြစ်ကြပြီး အခုလို ဘိုနိုနဲ့ အတူ ဘိုဇာ ( ကိုဇာဂနာ) ကို မြင်တွေ့ရ တာဖြစ်ပါတယ်။

ဘိုနိုရဲ့ လက်ထဲက ကိုင်ထားတဲ့ မျောက်ရုပ်ကလေးက မျက်စေ့တွေကို ပိတ်ထားပါတယ်။ ဘိုဇာ ကိုင်ထား တဲ့ မျောက်ရုပ်ကလေးကတော့ နားမကြားရအောင် ပိတ်ထားပါတယ်။
