အင်္ဂလန် နိုင်ငံ ကို လေးရက် ကြာ အလည် အပတ် ခရီးစဉ် အဖြစ် ရောက် ရှိ နေ တဲ့ မြန်မာ့ ဒီမို
ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီနေ့  မှာ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်
မရွန် တည်ခင်း ဧည့် ခံ တဲ့ နေ့ လည် စာ ကို သုံး ဆောင် ခဲ့ ပြီး နောက် ၀န်ကြီးချုပ် ရဲ့  အယ်(လ)
ဇဘောရို က လယ်တော ယာ မြေ အိမ် က ချေကွာ နှင်းဆီ ပန်း ခြံ ထဲ ကို သွား ရော ကြည့် ရှု
ခဲ့ ပါတယ်။
မနက် ပိုင်း မှာ ၀န်ကြီး ချုပ် နဲ့  အတူ Aston Pottery လက်ဖက် ရည် ဆိုင် မှာ လက် ဖက်ရည်
ကျ ဆိမ့် သုံး ဆောင် ခဲ့ ပါတယ်။
ညနေ ပိုင်း မှာ Royal Festival Hall မှာ အင်္ဂလန် ရောက် မြန်မာ မိသား စု တွေ နဲ့  တွေ့ ဆုံ ခဲ့
ပြီး ဒီအခမ်း အနား မှာ လန်ဒန် ရောက် ကိုဇာဂနာ ၊ ပန်းချီ နဲ့  အနု ပညာရှင် ကိုထိန်လင်း ၊ အမေရိ
ကန် နိုင်ငံ က နေ ရောက်လာ ခဲ့ တဲ့ အဆို တော် ဒေါ်မာမာ အေး တို့  ကလည်း ဒေါ်အောင်ဆန်း စု
ကြည် နဲ့  မြန်မာ မိသား စု တွေ့ ဆုံ ပွဲ အတွက် အဖက် ဖက် က ပံ့ ပိုး ခဲ့ ကြ ပါတယ်။