Headlines News :
Home » » ရခိုင်ပြည်နယ်တွင် ဘေးဒုက္ခ ကြုံတွေ့နေရသော ပြည်သူများအတွက် ၈၈ မျိုးဆက် ကျောင်းသားများမှတစ်ဆင့် အလှူငွေ လှူဒါန်းနိုင်

ရခိုင်ပြည်နယ်တွင် ဘေးဒုက္ခ ကြုံတွေ့နေရသော ပြည်သူများအတွက် ၈၈ မျိုးဆက် ကျောင်းသားများမှတစ်ဆင့် အလှူငွေ လှူဒါန်းနိုင်

Written By လွင့်မောင်မောင် on Wednesday, June 20, 2012 | 1:06 PM

 
Wednesday, 20 June 2012 09:37

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ဘေးဒုက္ခ ကြုံတွေ့နေရသော ပြည်သူများအတွက် အလှူငွေ ထည့်ဝင်လို သူများရှိပါက ၈၈ မျိုးဆက် ကျောင်းသားများမှတစ်ဆင့် လှူဒါန်းနိုင်ကြောင်း သိရသည်။

''ကျွန်တော်တို့ကြားရသလောက် အဲဒီမှာက ငွေလှူလိုက်ရင် အဆင်မပြေဘူး။ အဲဒီတော့ ကျွန်တော်တို့က ဒီကနေ လိုအပ်တာတွေကို စီစဉ်ပြီး လှူဒါန်းသွားမယ်''ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီက ပြောပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ မနီလာသိန်းနှင့်မမီးမီး အပါအ၀င် အမျိုးသမီးသုံးဦးသည် ဇွန်လ ၂၀ ရက်နေ့တွင် စစ်တွေသို့ ကွင်းဆင်းလေ့လာသွားမည်ဖြစ်သည်။


၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့အား ရခိုင်ဘေးဒုက္ခသည်များ အတွက် လှူဒါန်းရန်အတွက် ဆက်သွယ်ထားသူ အများအပြားရှိပြီး ပထမအသုတ်အနေဖြင့် ပြည်သူများမှ လှူဒါန်းသော အ၀တ်အစား အိတ်ကြီးသုံးအိတ်နှင့် အိတ်သေးရှစ်အိတ် စုစုပေါင်း အ၀တ်အထည် ၂၀၀၀ ခန့်အား ဇွန်လ ၁၈ ရက်နေ့က ကားဖြင့် တင်ပို့လိုက်ပြီဖြစ်သည်။

အလှူငွေ လှူဒါန်းလိုသူများအနေဖြင့် ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်း၊ အမှတ် ၂၈၄(က)၊ ဝေဇယန္တာလမ်း၊ ၁၆/၃ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဖုန်း-၀၉-၄၄၈၀ ၂၄၄၄၈၊ ၀၉-၇၃၄၉၄၃၆၇ သို့ ဆက်သွယ် လှူဒါန်းနိုင်သည်။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template