Headlines News :
Home » , » မြန်မာ၅ဂိုး-ဖိလစ်ပိုင်၁ ဂိုးဖြင့် ပွဲပြီးဆုံးသွား

မြန်မာ၅ဂိုး-ဖိလစ်ပိုင်၁ ဂိုးဖြင့် ပွဲပြီးဆုံးသွား

Written By လွင့်မောင်မောင် on Saturday, June 23, 2012 | 11:25 PM




ယခုနောက်ပိုင်း နှစ်များတွင် မြန်မာအသင်းမှာ နိုင်ငံတကာပြိုင်ပွဲများတွင် ရလာဒ်မကောင်းသော်လည်း အိမ်ကွင်းပွဲစဉ်တွင် မြန်မာ ယူ-၂၂ ကို တခဲနက်အားပေးနေသော မြန်မာဘောလုံးပရိသတ်များ
ဓာတ်ပုံ -ဂျေမောင်မောင်(အမရပူရ)


မြန်မာ-ဖိလစ်ပိုင်ပွဲတွင် ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိဘဲ မြန်မာ၅ဂိုး-ဖိလစ်ပိုင်၁ ဂိုးဖြင့် ပွဲပြီးဆုံးသွားသည်။ အုပ်စုအဖွင့်ပွဲနေ့သုံးပွဲကစားရာတွင် မြန်မာအသင်းမှာ ခြောက်သင်းပါအုပ်စုတွင် အားအနည်းဆုံးအသင်းဖြစ်သော ဖိလစ်ပိုင်ကို ဂိုးပြတ်သွင်းယူနိုင်မှုကြောင့် ဂိုးကွာခြားချက်ဖြင့် အုပ်စုဗိုလ်ဖြစ်နေသည်။

 တောင်ကိုရီးယားမှာ မလေးရှားကို ၃ဂိုး-၂ဂိုး၊ တရုတ်(တိုင်ပေ)မှာ ဗီယက်နမ်ကို ၂ဂိုး-၁ဂိုးဖြင့် အနိုင်ရထားကြ၍ တောင်ကိုရီးယားက ဒုတိယ၊တရုတ်(တိုင်ပေ)က အုပ်စုတတိယနေရာ၌ ရမှတ် ၃မှတ်စီဖြင့် ရှိနေသည်။

အုပ်စုတွင် တောင်ကိုရီးယား ယူ-၂၂ မှာ အုပ်စုဗိုလ်ဖြစ်ရန် ရေပန်းစားနေပြီး၊ မြန်မာအသင်းမှာ ဗီယက်နမ်၊ မလေးရှား၊ တရုတ်(တိုင်ပေ)တို့နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိသည်ဟု ပြည်တွင်းဘောလုံးရေးရာကျွမ်းကျင်သူများကခန့်မှန်းထားသည်။ ခြောက်သင်းပါအုပ်စုမှာ နှစ်သင်းသာ နောက်တစ်ဆင့်တက်ခွင့်ရမည်ဖြစ်သည်။
7Day News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template