Headlines News :
Home » » ဒေါ်အောင်ဆန်းစုကြည် လန်ဒန်က မြန်မာ အသိုင်းအ၀ိုင်းနှင့် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် လန်ဒန်က မြန်မာ အသိုင်းအ၀ိုင်းနှင့် တွေ့ဆုံ

Written By လွင့်မောင်မောင် on Saturday, June 23, 2012 | 11:45 AM

ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ လန်ဒန်မြို့  Royal Festival Hall ခန်းမကြီးမှာ မြန်မာအသိုင်းအ၀ိုင်း မိသားစုတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။

RFA
၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်နိုင်ငံရှိ မြန်မာအသိုင်းအ၀ိုင်း တွေ့ဆုံခြင်း အခမ်းအနားကို လန်ဒန်မြို့  Royal Festival Hall ခန်းမကြီးတွင်ပြုလုပ်နေစဉ်။
အဲသလို တွေ့ဆုံရာမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ မိမိတို့ နေထိုင်ရာ အိမ်ရှင်နိုင်ငံ့အပေါ် ကျေးဇူးတရား သိတတ်ကြဖို့၊ စည်းလုံးညီညွတ်မှုကို ဦးတည်ကြဖို့ လိုသလို ပြည်တွင်းက တိုင်းရင်းသားပြည်သူ အားလုံးလည်း ညီညွတ်မှုကို တိုးတက်အောင် လုပ်ဆောင်ကြဖို့၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ မိမိတို့ ရရှိတဲ့ အခွင့်အရေးတွေအပေါ် အခြေခံပြီး မြန်မာနိုင်ငံမှာ အခု လောလောဆယ် ပေါ်ထွက်နေတဲ့ အခြေအနေ အခွင့်အလမ်းတွေကို အလဟသ မဖြစ်အောင် ကြိုးပမ်းကြဖို့ အလေးထား ပြောကြားသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား အင်အားစုတွေ အရေးပါ အားထားရပုံကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။
ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ RFA ဦးခင်မောင်စိုးကို ရုံးချုပ်က ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template