ယခင်က ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ်မီး အုပ်စုအလိုက်ခွဲဝေပေးနေရာမှ
ယခုအခါ အဆိုပါ အုပ်စုများကို ညနေ ၅ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်ဓာတ်အား
အပြည့်အဝဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပေးဝေမှုကို ဇွန်(၁)ရက်ညနေမှ စတင်ခဲ့ခြင်းဖြစ်ပြီး
နေ့ဘက်လျှပ်စစ်မီးပေးဝေမှုကို အုပ်စု(၃) အုပ်စုအနက် (၀၅းဝ၀)နာရီမှ (၁၁းဝ၀)
နာရီအထိတွင် အုပ်စု(၂)စုကိုလည်းကောင်း ၊ (၁၁းဝ၀)နာရီမှ (၁ရးဝ၀)နာရီအထိတွင်
အုပ်စု(၂) စုကို လည်း ကောင်း အလှည့်ကျဓာတ်အားပေးမည် ဖြစ်ပြီး
(၁ရးဝ၀)နာရီမှ နောက်တစ်နေ့ (၀၅းဝ၀) နာရီအထိ အုပ်စု(၃)စုလုံးကို
ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး
အဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်မီဒီယာ ဂရုပ်သို့ ပြောကြားသည်။
KIA လက်နက်ကိုင် အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲဖျက်စီးမှုကြောင့် ၁၉-၅-၂၀၁၂
ခုနှစ် ၀၂း၄၇ နာရီ အချိန်တွင် ပျက်စီးယိုယွင်းခဲ့သော ၂၃၀ KV ရွှေလီ-မန်စံ
မဟာဓာတ်အားလိုင်း တာဝါတိုင် အမှတ် (၇၃၊၂၀၆၊၂၀၇၊၂၀၈)တို့ကို ပြန်လည်ပြုပြင်
သည့်လုပ်ငန်း များမှာ ၁-၆-၂၀၁၂ (၁၆းဝ၀) နာရီ အချိန်တွင်
အောင်မြင်စွာပြီးစီးခဲ့ပြီ ဖြစ်သဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင်
ဓာတ်အားများကို ပိုမိုဖြန့်ဖြူးလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များကိုလည်း အုပ်စု(၂)အုပ်စုအနက် ၀၆းဝဝ
နာရီမှ ၁၁းဝ၀ နာရီအထိ တွင် အုပ်စုတစ်စုကို လည်းကောင်း ၊ ၁၁းဝ၀ နာရီမှ ၁၆းဝဝ
နာရီ အထိတွင် အုပ်စုတစ်စုကိုလည်းကောင်း အလှည့်ကျ ဓာတ်အား ပေးမည် ဖြစ်ပြီး
၂၃းဝ၀ နာရီမှ နောက်တစ်နေ့ ၀၅းဝ၀ နာရီ အထိတွင် အုပ်စု(၂)စုလုံးကို
ဓာတ်အား ဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်း သိရသည်။သို့ရာတွင်
ရပ်ကွက်များအတွင်းရှိ စက်မှုလုပ်ငန်းများအားလုံးကို ယခင်အတိုင်း ၁ရးဝ၀ မှ
၂၃းဝ၀ နာရီအတွင် ဓာတ်အား သုံးစွဲခြင်းမပြုရန်ကန့်သတ်ထားကြောင်းသိရသည်။
စောမြင့်သန်း(ပေါက်တော) -ရန်ကုန်တိုမ်း