Headlines News :
Home » » မြင်းခြံမြို့ လျှပ်စစ်မီးအပြည့်ဝရရှိရေးတွက် ဖရောင်းတိုင်မီးများ ကိုင်ဆောင်ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်
မြင်းခြံမြို့ လျှပ်စစ်မီးအပြည့်ဝရရှိရေးတွက် ဖရောင်းတိုင်မီးများ ကိုင်ဆောင်ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်
Written By လွင့်မောင်မောင် on Saturday, June 2, 2012 | 3:00 PM
30-5-2012နေ့ နှင့် 31-5-2012နေ့တို့ က ည၆း၃၀နာရီမှ
 လူထုမှဆန္ဒတော်ပြည့်ဘုရားမှ လူငါးဆယ်ဦးခန့် မှစပြီးဖရောင်းတိုင်မီးများကိုင်
 ဆောင်ကာ မိထ္ထီလာလမ်းတလျှောက်တန်းစီကာမြောက်အတိုင်း ငြိမ်းချမ်းစွာ
ဆန္ဒဖေါ်ထုတ်ခဲ့ပါတယ်။
 လမ်းတလျှောက် မြို့နေပြည်သူများပါဝင်လာကာမြို့လယ်ခေါင်မှာ
မီးတိုင်ကိုင်သူ ၃၀၀ဦးကျော် မီးတိုင်မပါပေါင်း ၃၀၀၀ခန့်နှင့်
ရပ်ကြည့်အားပေးသူများမှာ ၄၀၀၀၊ ၅၀၀၀ခန့်ရှိပါတယ် ဆန္ဒဖေါ်ထုတ်သူများဟာ
လျှပ်စစ်မြို့နယ်ရုံးရှေ့ မှပြန်ပတ်လာပြီး ၉း၃၀နာရီမှာ
ပြီးဆုံးပါတယ်။
31-5-2012 နေ့ညက မြို့ပေါ် ဆန္ဒတော်ပြည့်ဘုရားမှာ လူ၁၀၀၀ခန့်
မြို့ပြင်ဓါတ်အားခွဲရုံရှေ့မှာတစ်ဖွဲ့ ၂ဖွဲ့ခွဲပြီးဆန္ဒဖေါ်ထုတ်ကြပါတယ်
ယနေ့ ညလည်းဆန္ဒဖေါ်ထုတ်ပွဲဆက်လက်လုပ်ဦးမယ်လို့
(၃ရက်ဆက်တိုက်)လုပ်မယ်လို့ ပြောသွားပါတယ်။
ဆန္ဒဖေါ်ထုတ်ပွဲကျင်းပစဉ် လမ်းတလျှောက်
မြင်းခြံလုံခြုံရေးရဲများလိုက်ပါပြီးစောင့်ကြည့်ခဲပါတယ်။
ဆန္ဒဖေါ်ထုတ်သူတယောက်မေးမြန်းတဲ့အခါ ကျနော်တို့
မည်သည့်နိုင်ငံရေးမှမပါပါဘူး အပူချိန်ကပြင်း၊ ရေကမလာ
ရေစက်ခုတ်ချိန်က၆နာရီမှာ အပြိုင်ခုတ်ကြတော့ မီးကဖျူးပြတ်
လုံးဝရေကမခုတ်လိုက်ရနဲ့ ဘယ်လိုမှမခံစားနိုင်လို့ပါလိုပြောသွားပါတယ်
ဆက်လည်းပြဦးမှာလို့ အားကျိုးမာန်တက်ပြောပါတယ် ။
သာဆန်း(မြင်းခြံ)
Share this article :
တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ
email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ
Zawgyi Unicode Font
Download
Total Pageviews
ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ
Mandalay FM Live Radio
Mandalay FM Live Radio
လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ
Followers
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template