အလုပ်သမားမှတ်ပုံတင် နှင့်ယာယီပတ်စပို့မရသေးသူများ အမြန်ဆုံရရေးနှင့်
အလုပ်သမားအခွင့် အရေးများရရှိရေး အတွက်ထိုင်း ဒုဝန်ကြီးချုပ်က
ကူညီပေးမည်ဟုကတိပေး
ဗန်ကောက်။မေ ၃၁။
အလုပ်သမားမှတ်ပုံတင် နှင့်ယာယီပတ်စပို့မရသေးသူများ
အမြန်ဆုံရရေးနှင့်အလုပ်သမားအခွင့်အရေးများ ရရှိရေးအတွက်
ထိုင်းဒုဝန်ကြီးချုပ်ကကူညီပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသည်။
ထိုင်းနိုင်ဗန်ကောက်မြို့တွင်ပြုလုပ်သည့်ကမ္ဘာ့
စီးပွားရေးဖိုရမ်သို့တက်ရောက်လာသောဒေါ်အောင်ဆန်းစုကြည် သည်မေ၃၁ ရက်
မွန်းလွဲံပိုင်းက ထိုင်းနိုင်ငံဒုတိယ၀န်ကြီးချုပ်နှင့်
အစိုးရရုံးတွင်တွေ့ဆုံ ခဲ့ပြီ့းမြန်မာလုပ်သားများ အရေးအကြိတ် အနယ်ဆွေးနွေး
ခဲ့ခြင်းဖြစ်သည်။
``ကျမနေ့လည်းလောက်ကထိုင်း ဒုတိယ၀န်ကြီးချုပ်နဲ့ေ တွ့ခဲ့ပါတယ်
။တွေ့ရတဲ့အကြောင်းရင်းကလည်း
ကျမတို့ရွှေ့ပြောင်းလုပ်သားတွေရဲ့အခြေအနေကိုကောင်းအောင်လို့
ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာ ကိုဆွေးနွေးတာပါ။ အဲဒီဆွေးနွေးချက်အရတော့
အတတ်နိုင်ဆုံးကျမတို့ရဲ့ရွှေ့ပြောင်းလုပ်သားတွေရဲ့ အရေးပြေလည်ရေး
အတွက်လုပ်ပေးပါ့မယ် လို့ကျမ ကိုပြော ပါတယ်´´ဒေါ်အောင်ဆန်းစုကြည်က
စမွတ်စခွန်ရှိ ယာယီပတ်စပိုစ်ထုတ်ပေးရေး ရုံးသို့လာရောက်စဉ်မြန်မာလုပ်သား
များကို ယင်းကဲ့ သို့ထုတ်ဖော်ပြောကြားခဲ့သည်။
``တခြားနိုင်ငံမှာေ၇ာက်နေတဲ့ကျမတို့ရဲ့အလုပ်သမားတွေပြန်လာပြီးတော့အလုပ်ရနိုင်အောင်လုပ်ဖို့ဆိုတာ
ဟာမြန်မြန်ဆန်ဆန်ကြီးတော့မဖြစ်နိုင်သေး ပါဘူး။
ဒီအချိန်ကာလမှာဒီနိုင်ငံမှာရှိနေ သရွေတော့အတတ်နိုင်ဆုံး အဆင်ပြေအောင်လို့
ကျမတို့အတတ်နိုင်ဆုံးကြိုးစား ပါ့မယ်လို့ပြောပါရစေ´´ဟုဒေါ်အောင်ဆန်းစုကြည်
ကပြောသည်။
``မြန်မာလုပ်သားတွေကိုမြန်မြန်လေးပတ်စပို့လုပ်ပေးစေချင်တယ်။သူတို့ကအလုပ်ကနေဖျက်ပြီးလာရတာ။
၃ရက် ပျက်ရင် အလုပ်ထုတ်ခံ ကျရတယ်။`` ဟု Burma Democarcy Network
မှဒုဥက္ကဋ္ဌက ဖလားဝါးနယူး(စ်)သို့ပြောသည်။
"ကျွန်တော်တို့အရင်လ(ဧပြီ)၂၃ရက်ကစပြီးယာယီပတ်စပို့စ လုပ်ပေးပတယ်။
စလုပ်ပေးခါစက တနေ့၄၀၀လောက် လုပ်ပေးပါတယ်။ ခုဆို၁၀၀၀လောက် လုပ်ပေးနေပါတယ်။
ကိုယ့်မြန်မာတွေအေးအေးဆေးဆေး အလုပ်လုပ်ကိုင်နိုင်ရေး အတွက်ကျနော်တို့
လုပ်ပေးနေပါတယ်" ဟု စမွတ်စခွန်ရှိ ယာယီပတ်စပိုစ်ထုတ်ပေးရေးရုံး
မှဒုရဲမှုးစန်းလွင် ကရှင်းပြသည်။
ယခုအခါ ထိုင်းနိုင်ငံတွင်မြန်မာလုပ်သား၂သန်းကျော်ရှိပြီးစမွတ်စခွန်ဒေသတွင်၂သိန်းကျော်ရှိသည်။
D-မင်း (ဗန်ကောက်မှ တိုက်ရိုက်ပေးပို့သည်)
by Yangon Media Group