Headlines News :
Home » » ဒေသခံလူထုနှင့်ထိတွေ့မှုရယူရန် RCSS/SSA ပြင်ဆင်

ဒေသခံလူထုနှင့်ထိတွေ့မှုရယူရန် RCSS/SSA ပြင်ဆင်

Written By လွင့်မောင်မောင် on Saturday, June 2, 2012 | 12:59 PM

Posted by သျှမ်းသံတော်ဆင့်
နိုင်ငံရေးပြဿနာမဖြေရှင်းနိုင်သေးသရွေ့ မြန်မာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော်တို့ ပိုနေမြဲ ကျားနေမြဲဆက်နေသွား ကြမည်ဖြစ်ပြီး လတ်တလောအခြေအနေမှာမူ ဒေသခံလူထုနှင့်ထိတွေ့မှုရယူရန် တာစူနေကြကြောင်း သျှမ်းပြည်တပ်မ တော် ပြည်ထဲရေး ဌာနတာဝန်ခံ ၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ပေါင်ခေးက ပြောသည်။

Sao_Pawng_KhurRCSS/SSA ပြည်ထဲရေးဌာနတာဝန်ခံ ၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်း ဆောင် ဗိုလ်မှူးချုပ်ပေါင်ခေး


“ ကျနော်တို့ တောင်ကြီးမှာ တွေ့ဆုံဆွေးနွေး တုန်းက ဟိုမိန်းနဲ့ မုံးထားမှာ ကျနော်တို့ကို ဌာနချုပ် သတ်မှတ်ပေးတယ်။ ဒါပေမယ့် စစ်တပ်က လက်တွဲပူးပေါင်းမှုမရှိတော့ အကောင်အထည်ဖော်ဖို့ နှောင့်နှေးခဲ့တယ်။ ဒါကြောင့် ဒီတခေါက် ကျိုင်းတုံ ဆွေးနွေးပွဲမှာတော့ အကောင်အထည်ဖော်ဖို့ ခက်တာကိုခဏထားပြီးတော့ - ကျနော်တို့ရောက်လေရာအရပ်မှာ လူထုနဲ့ နေမယ်။ ဆက်ပြီးလှုပ်ရှားသွားမယ်။ ကျနော်တို့မြို့ပေါ်တက်ရင် အစိုးရဥပဒေအတိုင်းလိုက်နာမယ်။ မြန်မာစစ်တပ် တွေ ကားလမ်းပေါ်ကဆင်းရင် ကျနော်တို့ကိုအကြောင်းကြားရမယ်။ နိုင်ငံရေးပြသနာ မဖြေရှင်းပြီးသေးသရွေ့ မြန်မာ စစ်တပ်နဲ့ ကျနော်တို့ က ပိုနေမြဲ ကျားနေမြဲ နေသွားမယ်။ ပြဿနာဖြစ်လာရင် ဆက်ဆံရေးရုံးမှာ ရှင်းကြမယ်။ ဒါကြောင့် နိုင်ငံရေး ပြဿနာ ရှင်းပြီးမှဘဲ စစ်ရေးအကြောင်းဆက်လက်ဆွေးနွေးကြမှာဖြစ်တယ် ” ဟု ဗိုလ်မှူးချုပ်ပေါင်ခေးက သျှမ်းသံတော်ဆင့်အား အကျယ်တဝင့်ရှင်းပြခဲ့သည်။


လူထုနှင့်တွေ့ဆုံပါက လုပ်ဆောင်ရန် ကဏ္ဍ ၃ ခုခွဲထားကြောင်း လုပ်ငန်းစမည့်ရက်ကိုမူ မသတ်မှတ်ရသေးကြောင်း ပြောပါ သည်။

“ဘယ်တော့လုပ်ငန်းစမလဲ ဆိုတာတော့ ရက်စွဲအတိအကျ မသိရသေးဘူး။ ဒီလလယ်လောက်မှာ ထပ်ပြီးဆွေးနွေးကြမယ် ။အဲဒီအချိန်မှဆုံးဖြတ်ချက်ချကြမယ်။ သျှမ်းပြည်တွင်းက ၅၃ မြို့နယ်ကို ဆင်းဖို့ စီစဉ်ထားတယ်။ လူထုဆီရောက်ရင် လုပ်ဖို့ လုပ်ငန်းကဏ္ဍ ၃ ခုခွဲထားတယ်” ဟု ဗိုလ်မှူးချုပ်ပေါင်ခေးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ဒေသခံလူထုအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် တိုက်ဖျက်ရေးလုပ်ငန်းအစီအစဉ်၊ လူထုထံမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပေါ် အမြင်သဘောထား၊ အရေး ၃ ပါးအပေါ် အမြင်သဘောထားရ ယူခြင်း အစီအစဉ်နှင့် အခက်အခဲများနှင့် ရင်ဆိုင်နေ ရသော လူထုအားကူညီထောက်ပံ့ဖို့ NGO အဖွဲ့အစည်း များအား နေရာချပေးရန်စသည်တို့ဖြစ်ပြောင်း ဗိုလ်မှူးချုပ်ပေါင်ခေး ကပြောသည်။

ဦးစွာ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၊ မြောက်ပိုင်းလားရှိုးမြို့နှင့် အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ လူ ၃ စုခွဲ၍ သျှမ်းပြည် တပ်မတော် RCSS/SSA မှ လူအင်အားစေလွှတ်မည်ဖြစ်ကြောင်း၊ အခြေအနေ ကောင်းပါက နယ်များသို့ ဆက်လက်ကွင်း ဆင်း မည်ဖြစ်ကြောင်း၊ မြန်မာအစိုးရမှလည်း သျှမ်းပြည်တပ်မတော်အား ဥပဒေပြင်ပအဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ကြောင်း ကြေငြာလိုက်ပြီဖြစ်သဖြင့် ဒေသခံလူထုလည်း မိမိတို့နှင့်ဝင်ထွက်ရင်းနှီးနိုင်ပြီဖြစ်ကြောင်း ဗိုလ်မှူးချုပ်ပေါင်ခေးက ဆက် လက် ပြောပြသည်။

မိမိနှင့်မြန်မာအစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် ကြောက်ရွံ့တုန်လှုပ်မနေဘဲ အခွင့်ကောင်းတခု အဖြစ်လက်ကိုင် ကာ မိမိတို့နှင့်လက်တွဲကြပါရန် လူထုငြိမ်းချမ်းမှ ပြည်ထောင်စုငြိမ်းချမ်းမည်ဖြစ်သဖြင့် မိမိတို့နှင့်အတူငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကြံပြုပေးကြရန်လိုအပ်ကြောင်း ဗိုလ်မှူးချုပ်ပေါင်ခေးကပြောသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template