Headlines News :
Home » » ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပခရီးစဉ်မြန်မာ့ဒီမိုကရေစီရေး အတွက်ပိုမိုအကျိုးရှိနိုင်

ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပခရီးစဉ်မြန်မာ့ဒီမိုကရေစီရေး အတွက်ပိုမိုအကျိုးရှိနိုင်

Written By လွင့်မောင်မောင် on Saturday, June 2, 2012 | 2:58 PM



နော်ဝေး၀န်ကြီးချုပ်ဟောင်းဘွန်ဒယ်ဘစ်ခ်
လာမည့်ဂျွန်လ ၁၄ ရက်မှ စတင်မည့်   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်
ဆန်းစုကြည်၏ဥရောပခရီးစဉ်သည် မြန်မာ့ဒီမိုကရေစီစနစ်အုတ်မြစ်ခိုင်မာမည့်အခြေ
အနေမျိုးသို့ရောက်ရှိနိုင်ကြောင်းနော်ဝေးနိုင်ငံဝန်ကြီးချုပ်ဟောင်းရှယ်လ်မက်ခ်နဲဘွန်
ဒယ်ဘစ်ခ် (Kjell Magne Bondevik)ကယနေ့မြန်မာသတင်းဌာနကိုပြောဆိုပါသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ကနေ မြန်မာနိုင်ငံအတွက်၊အလွန်အသုံးဝင်ပြီးအကျိုး
ရှိတဲ့ကိစ္စတွေဖော်ဆောင်နိုင်မှာပါ၊ နှစ်ပေါင်းများစွာစစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တဲ့
မြန်မာနိုင်ငံမှာ၊ဒီမိုကရေစီနဲ့ဖွံ့ဖြိုးရေးအတွက် အထောက်ပံ့အကူညီတွေရမှာဖြစ်သလို၊မြန်မာ့ဒီမိုကရေစီရေးအတွက်ခိုင်မာတဲ့
အုတ်မြစ်ချနိုင်မှာဖြစ်ပါတယ်”ဟု ယနေ့မြန်မာသတင်းအယ်ဒီတာကိုညိုနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင်ပြောဆိုခဲ့ခြင်း
ဖြစ်သည်။


၂၀၀၅ခုနှစ်မှစ၍ရာထူးမှအနားယူခဲ့သည့်နော်ဝေး၀န်ကြီးချုပ်ဟောင်းသည်၊ဒေါ်အောင်
ဆန်းစုကြည်ပထမဆုံးနေအိမ်အကျယ်ချုပ်မှလွတ်မြောက်ပြီး၂၀၀၆ခုနှစ်မှစ၍ရန်ကုန်မြို့
သို့(၃)ကြိမ်တိုင်သွားရောက်တွေ့ဆုံခဲ့ပြီးဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက်ကျနော်တို့ပျော်ရွှင်ပြီးစိတ်လှုပ်ရှားနေကြပါတယ်။
သူဟာနော်ဝေးအစိုးရ၊ပါလီမန်အမတ်တွေ၊နိုဘယ်ဆုရွေးချယ်ရေးကော်မတီအဖွဲ့ဝင်တွေနဲ့လည်း
တွေ့ဆုံမှာဖြစ်သလို၊သူ့အတွက်နိုင်ငံတော်ကသီးသန့်စီစဉ်တဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဂုဏ်ပြုပွဲမှာ
နိုဘယ်လ်မိန့်ခွန်းပြောမှာလည်းဖြစ်ပါတယ်၊၂၀၀၆ခုကစပြီးမြန်မာ့အရေးအတွက်ကျနော်တို့
အာရုံစိုက်လုပ်ဆောင်ခဲ့တယ်၊ကျနော်ကိုယ်တိုင်ရန်ကုန်ကို(၃)ကြိမ်လောက်သွားခဲ့ပြီး
ပြောဆိုဆွေးနွေးခဲ့တဲ့အချိန်တွေရဲ့ရလဒ်ဟာအခုဆိုက်ရောက်လာပါပြီ”ဟုမစ္စတာဘွန်ဒယ်ဗစ်ခ်
ကပြောသည်။

(၂၄)နှစ်အတွင်းဒုတိယမြောက်ပြည်ပခရီးစဉ်အဖြစ်ဥရောပ(၅)နိုင်ငံသို့
ခရီးလှည့်လည်မည့်၊၁၉၉၁ခုနှစ်နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်သည်
ရန်ကုန်မြို့မှဂျွန်လ(၁၄)တွင်စတင်ထွက်ခွါလာမည်ဟုသိရှိရသည်။ဂျွန်လ(၁၅)ရက်ဆွီဇာလန်နိုင်င်
တွင်ကျင်းပမည့်အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့အခမ်းအနားတွင်မိန့်ခွန်းပြောပြီး
နောက်နော်ဝေးနိုင်ငံသို့ခရီးဆက်မည်ဟုသိရသည်။

နိုင်ငံတကာမိသားစု၏အထူးထောက်ခံစိတ်ဝင်စားမှုခံနေရသည့်မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်သည်သူ့ကိုဂုဏ်ပြုမည့်နိုဘယ်လ်အခမ်းအနားကျင်းပမည့်
ဂျွှန်လ(၁၆)ရက်နေ့လည်(၁၁)နာရီတွင်ဝန်ကြီးချုပ်ဟောင်းဘွန်ဒယ်ဘစ်ခ်ဦးစီးသည့်
အော်စလိုစင်တာ၌၊အကန့်အသပ်နှင့်ဖိတ်ကြားထားသည့်၊နိုင်ငံတကာနှင့်
၊နော်ဝေးတတ်သိပညာရှင်အနည်းငယ်တို့နှင့်အတူဒီမိုကရေစီရေးဆိုင်ရာဆွေးနွေးခြင်းနှင့်
အပြန်အလှန်အမေးအဖြေပြုလုပ်မည့်အစီအစဉ်ရှိကြောင်းလည်းသိရသည်။

“ကျနော်နောက်ဆုံးအကြိမ်(ဂျွန်လ၁၅ရက်၂၀၁၂)ရန်ကုန်မှာသူနဲ့တွေ့တော့၊ကျမအော်စလိုကို
မိန့်ခွန်းပြောဘို့၊အင်တာဗျူးအမေးအဖြေလုပ်ဖို့လောက်နဲ့တော့မလာချင်ပါဘူး၊ကျမလူတွေနဲ့
စကားပြောဆို၊ဆွေးနွေးချင်တာပါ၊လို့ပြောခဲ့တာကိုမှတ်သားထားပြီး၊အော်စလိုငြိမ်းချမ်းရေး
စင်တာရုံးခန်းမှာဒီကပုဂ္ဂိုလ်တချို့ကိုဖိတ်ကြားပြီး၊သူနဲ့တွေ့ဆုံဆွေးနွေး၊မေးမြန်းစကားပြောကြဘို့
စီစဉ်ထားပါတယ်”ဟုမစ္စတာဘွန်ဒယ်ဘစ်ခ်ကပြောသည်။

နော်ဝေးနိုင်ငံဘုရင်နှင့်တော်ဝင်မိသားစုပါတက်ရောက်မည့်၁၉၉၁နိုဘယ်ငြိမ်းချမ်းရေးဆုရှင်
အားဂုဏ်ပြုမည့်အခမ်းအနားသည်နိုဘယ်လ်ဆုချီးမြှင့်သည့်သမိုင်းတွင်တကြိမ်မှမရှိခဲ့ဘူးသော
ဒုတိယအကြိမ်မြောက်ကျင်းပသည့်နိုဘယ်လ်အခမ်းအနားပင်ဖြစ်သည်။ပထမအကြိမ်
၁၉၉၁ခုနှစ်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုကိုနေအိမ်အကျယ်ချုပ်ကျခံနေရသူ
အားချီးမြှင့်မှုမှာလည်းနိုဘယ်လ်ဆုရွေးချယ်ရေးသမိုင်းတွင်ပထမဆုံးအကြိမ်ဖြစ်ခဲ့ဘူးပါသည်။

ထိုစဉ်ကဒေါ်အောင်ဆန်းစုကြည်၏ခင်ပွန်းမိုက်ကယ်လ်အဲလစ်(၁၉၉၉ကွယ်လွန်)နှင့်သား
၂ ဦးကလက်ခံခဲ့ပါသည်။

နောက်ထပ်ထူးခြားမှုတခုကားနှစ်စဉ်နိုဘယ်လ်ဆုချီးမြှင့်သည့်အခမ်းအနားကို၊နော်ဝေးနိုင်ငံ၏
လွန်စွာချမ်းအေးလှသည့်ဒီဇင်ဘာလ၌သာကျင်းပလေ့ရှိသော်လည်း၊ယခုအခါဒေါ်အောင်ဆန်း
စုကြည်အားသီးသန့်ဂုဏ်ပြုလိုသည့်အတွက်၊ရာသီဥတုကောင်းမွန်လှပပြီးအများသူငါအားလပ်
အနားယူကြသည့်နွေရာသီတွင်ကျင်းပခြင်းပင်ဖြစ်သည်။

နိုဘယ်ဂုဏ်ပြုပွဲအပြီးညနေပိုင်းတွင်အခမ်းအနားကျင်းပမည့်မြို့တော်ခမ်းမရှေ့၌ဒေါ်အောင်
ဆန်းစုကြည်လူထုအစည်းအဝေးမိန့်ခွန်းပြောကြားရန်နော်ဝေးနိုင်ငံသားများနှင့်ဖွဲ့စည်းထား
သည့်နော်ဝေးမြန်မာကော်မတီ(NBC)နှင့်အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့က
လည်းစီစဉ်ထားပါသည်။

ထိုသို့နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့်ပြည်သူလူထုတိုက်ရိုက်တွေ့ဆုံမိန့်ခွန်းပြောဆိုမည့်
အစီအစဉ်ကလည်းယခင်ကတကြိမ်မှမရှိခဲံဘူးသောအစီအစဉ်တရပ်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်(၃)ရက်ကြာနော်ဝေးနိုင်ငံ၌နေထိုင်နေစဉ်နိုဘယ်ငြိမ်းချမ်းရေး
 ကော်မတီ၏အတီးအမှုတ်များနှင့်ဂုဏ်ပြုညစာစားပွဲအပါအ၀င်၊အော်စလိုရှိနိုင်ငံဘုရင့်နန်းတော်
ဧည့်ခံပွဲ၊၀န်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးအပါအ၀င်နော်ဝေးအစိုးရအဖွဲ့နှင့်တွေ့ဆုံခြင်း၊
နိုင်ငံတကာခေါင်းဆောင်များ၊နိုဘယ်လ်ဆုရှင်များနဲ့ဖွဲ့စည်းထားသောအော်စလိုဖိုရမ်ဖွင့်
့လှစ်ပွဲကျင်းပပြီးမိန့်ခွန်းပြောခြင်း၊နော်ဝေးပါလီမန်နှင့်အော်စလိုမြို့တော်တ၀ိုက်ကြည့်ရှုလည်
ပတ်မှုများပြုလုပ်မည်ဖြစ်သလို၊နော်ဝေးနိုင်ငံ၏ဒုတိယမြို့တော်ဘာဂင်မြို့သို့သွားရောက်မည့်
အစီအစဉ်ရှိကြောင်းလည်းသိရသည်။

 ဒေါ်အောင်ဆန်းစုကြည်၏ဥရောပခရီးစဉ်အတွင်း၊နော်ဝေး၊အိုင်ယာလန်၊
အင်္ဂလန်တွင်နေထိုင်နေကြသည့်မြန်မာနိုင်ငံသားများနှင့်လည်းတွေ့ဆုံမည်ဟုသိရသည်။
ဂျွန်လ၁၆ရက်နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်မည့်အခမ်းအနားအပြီးညနေတွင်အော်စလို
ဆိပ်ကမ်းအနီးရှိနိုဘယ်လ်ငြိမ်းချမ်းရေးစင်တာအဆောက်အဦးတွင်ဒေါ်အောင်ဆန်းစုကြည်
နှင့်မြန်မာများ(၁)နာရီကြာတွေ့ဆုံပြီးဒေါ်အောင်ဆန်းစုကြည်ကအဝေးရောက်မြန်မာများကို
သြ၀ါဒစကားပြောဆိုမည်ဟုသိရသည်။

ဒေါ်အောင်ဆန်းစုကြည်အော်စလိုသို့ဆိုက်ရောက်မည့် ဂျွန်လ၁၅ရက်နေ့လည်တွင်တည်း
ခိုရာဂရင်းဟော်တယ်(Grand Hotel)ရှေ့တွင်မြန်မာနိုင်ငံသားတိုင်းရင်းသားအစုံအညီနှင့်
သိုက်သိုက်ဝန်းဝန်းကြိုဆိုမည်ဟုလည်းသတင်းရရှိသည်။

ဂျွန်လ(၁၈)ရက်တွင်နော်ဝေးနိုင်ငံမှတဆင့်အိုင်ယာလန်သို့သွားမည်ဖြစ်ပြီး၂၀၀၉ခုနှစ်က
ဒေါ်အောင်ဆန်းစုကြည်အားချီးမြှင့်ခဲ့သည့်အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏အမြင့်
ဆုံးဆုကိုကမ္ဘာကျော်U2တေးဂီတအဖွဲ့ခေါင်းဆောင်ဘိုနိုမှတဆင့်လက်ခံယူမည်ဟုသိရသည်။

ဇွန်လ(၁၉)ရက်အင်္ဂလန်တွင်ဒေါ်အောင်ဆန်းစုကြည်၏(၆၇)နှစ်မြောက်မွေးနေ့ပွဲကိုသား(၂)
ယောက်အပါအ၀င်ဆွေမျိုး၊မိတ်သင်္ဂဟများနှင့်အတူကျင်းပမည်ဖြစ်သည်။ဂျွန်လ၂၂ရက်တွင်၊
လန်ဒန်ရှိမြန်မာအသိုင်းအ၀ိုင်းများနှင့်တွေ့ဆုံစကားပြောမည်ဖြစ်သလို၊မြန်မာ့ဆိုင်းဝိုင်းနှင့်
အတူနိုင်ငံကျော်အဆိုတော်ဒေါ်မာမာအေးလည်းဧည့်ခံဖြော်ဖြေမည်ဟ
ုသိရသည်။

ဒေါ်အောင်ဆန်းစုကြည်အင်္ဂလန်တွင်နေထိုင်စဉ်အတွင်း၊အောက်စ်ဖို့စ်တက္ကသိုလ်မှချီးမြှင့်သည့်
ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့တက်ရောက်ယူမည်ဖြစ်သလို၊အင်္ဂလန်ပါလီမန်တွင်လည်းမိန့်ခွန်း
ပြောကြားမည်ဟုသိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ဥရောပခရီးစဉ်သည်၁၀ရက်ကျော်ကြာမြင့်ပြီးပြင်သစ်နိုင်ငံ
သို့လည်းသွားရောက်လည်ပတ်မည်ဟုသိရသည်။

ကိုညို (နော်ဝေး)

နော်ဝေး၀န်ကြီးချုပ်ဟောင်းဘွန်ဒယ်ဘစ်ခ်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template