
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ်ကို မြန်မာနိုင်ငံက စွမ်းအင်ဝန်ကြီး ဦးသန်းဌေး လည်း တက်ရောက်ခဲ့ပါတယ်။
သူ့အနေနဲ့ ဖိုရမ်မှာ ယမန်နေ့က ပြောသွားတာကတော့ သမ္မတ ဦးသိန်းစိန်က နှုတ်ခွန်းဆက်စကားပြောကြား လိုက်တဲ့ အကြောင်းပြောကြားပြီး မြန်မာနိုင်ငံမှာ သယံဇာတ အားနည်းလာလို့ စွမ်းအင် လုံလောက်မှု မရှိတဲ့ အကြောင်း၊ တဖက်ကလည်း သဘာဝ ဓာတ်ငွေ့တွေလည်း ထုတ်လုပ်နေပြီး စွမ်းအင်အတွက် လုံလောက် အောင် ကြိုးစားနေတယ်ဆိုတာလည်း ပြောသွားပါတယ်။
သဘာဝ ဓာတ်ငွေ့ အများအပြား မြန်မာပြည်က ထုတ်လုပ် ရောင်းချနေတာကြောင့် နိုင်ငံခြား ၀င်ငွေ များများ ရလာနေပြီး စွမ်းအင် အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းသွားနိုင်မှာဖြစ်ကြောင်းလည်း သတင်းထောက်တွေရဲ့ အမေးကို ၀န်ကြီး ဦးသန်းဌေးက ဖြေကြားသွားတာ သိရပါတယ်။