Headlines News :
Home » » အလုပ်လက်မဲ့ နှုန်းထား မြင့်မား မှု ကြောင့် အမေရိကန် စီးပွား ရေး စိုးရိမ်ရဆဲ ဖြစ်နေ

အလုပ်လက်မဲ့ နှုန်းထား မြင့်မား မှု ကြောင့် အမေရိကန် စီးပွား ရေး စိုးရိမ်ရဆဲ ဖြစ်နေ

Written By လွင့်မောင်မောင် on Saturday, June 2, 2012 | 10:03 AM

by FNG on June 2, 2012 img_2412360_620


ကမ္ဘာ့ စီးပွားရေး အင်အား အကြီး ဆုံး နိုင်ငံ ဖြစ် တဲ့ အမေရိကန် နိုင်ငံ မှာ အလုပ် လက်မဲ့ နှုန်း တွေ
ဟာ ၁၁ လ အတွင်း မှာ အမြင့် ဆုံး ကို ရောက် ရှိလာ ပြီး မေလ အတွင်း မှာ တော့ အလုပ် အကိုင် တွေ
ဖန်တီး နိုင်မှု ဟာ အနိမ့် ဆုံး ကို ထိုး ကျ သွား ခဲ့ တယ် လို့  Dow Jones သတင်း တစ် ရပ် မှာ ဖော်
ပြထား ပါတယ်။
ဒီနေ့  အမေရိကန် အလုပ် သမား ၀န်ကြီး ဌာန က နေ ထုတ် ပြန် တဲ့ သတင်း ဟာ အမေရိကန် သမ္မတ
အို ဘားမား အတွက်တော့ ခေါင်း ခဲ စရာ ဖြစ်ပါတယ်။
အိုဘားမား အစိုး ရ အဖွဲ့  က အလုပ် လက်မဲ့ နှုန်းတွေ လျှော့ ကျ သွား အောင် အလုပ်အကိုင် သစ် ၇၀၀၀၀
ကျော် ကို ပြီး ခဲ့ တဲ့ ၃ လ အတွင်း မှာ ဖန်တီး ပေး ခဲ့ ပေ မယ့် အလုပ် လက် မဲ့ နှုန်း တွေ ဟာ ဆက် ပြီး
မြင့် တက် ဆဲ ရှိတယ် လို့  ဒီကနေ့  အမေရိကန် တစ်ဝှမ်း က ထုတ် တဲ့ သတင်း စာ တွေ မှာ အကျယ် တ
ဝင့် ဖော် ပြထား ကြ ပါတယ်။

အမေရိကန် အလုပ် လက် မဲ့ နှုန်း တွေ ပြန်ကောင်းလာ မယ် လို့  မျှော် လင့် ထား ကြ ပေမယ့် အခု လို
လုပ်ငန်း ခွင် ၀င်ရောက် ရေး အဆင် မပြေ မှု တွေ နဲ့  ထပ်မံ ကြုံ တွေ ရ လို့  အမေရိကန် စီးပွား ရေး ဟာ
ထပ်မံ ဆိုး သွား နိုင် တယ့် အခြေ အနေ ရှိတယ် လို့  အမေရိကန် စီးပွား ရေး ပညာ ရှင် တွေ က သုံးသပ်
ကြ ပါတယ်။
ဥရော ပ နိုင်ငံ တွေ မှာ ဖြစ် ပွား နေတဲ့ စီးပွား ရေး ဂယက် ရိုက် မှု ဟာ အမေရိကန် နိုင်ငံ ရဲ့  စီးပွား ရေး ကို
ပါ ထပ်မံ ရိုက် ခတ် လာ နာတေ ကြောင့် ရေ တို  နဲ့  ရေ ရှည် မှာ ပါ စီး ပွား ရေး နံလန်ထ ဖို့  မလွယ် သေး
ဘူးလို့  နယူး ဂျာ စီ မှာ ရှိ တဲ့ Libertyview Capital Management ရဲ့  ဥက္ကဌ ဖြစ်သူ Rick Meckler
က ဘီဘီစီ သတင်း ဌာန ကို ပြောပါတယ်။
အရေိကန် သမ္မတ အိုဘားမား က လည်း အမေရိကန် ရဲ့  စီးပွား ရေး ဟာ စိုးရိမ် စရာ ကောင်း တဲ့ လေဆန်
နဲ့  ကြုံ တွေ့  နေ ရ တုန်း ပဲ လို့  ပြောပါတယ်။
ရီပတ်ဘလီကန် သမ္မတ လောင်း အဖြစ် ရေပန်း စား နေသူ မစ်ရွမ်နီ က တော့ အခု ကြား ရတဲ့  သတင်း က
တော့ အမေရိကန် အလုပ် သမား တွေ မိသား စု တွေ အတွက် သတင်း ကောင်း တော့ မဟုတ် ဘူး လို့  ဆို
ပါတယ်။
အမေရိကန် နိုင်ငံ ရဲ့  အလုပ် လက် မဲ့ နှုန်း မြင့် မား လာ မှု နဲ့  အတူ အိမ် ခြံ မြေ ဈေး တွေ လည်း ဆက်
လက် ကျဆင်း နေ ဆဲ ရှိပါတယ်။
အမေရိကန် စီးပွား ရေး နဲ့  အလုပ် အကိုင် ဈေး ကွက် တွေ မှာ အခု လို ကသောင်း ကနင်း  ဖြစ်နေတာ တွေ
ဟာ ၂၀၀၈ ခုနှစ် အမေရိကန် စီးပွား ပျက် ကပ် ကာလ ပြီး ကတည်း က အဆိုး ဆုံး ဖြစ်ပါတယ်။


U.S. Economy, Jobless, Unemployment, Mortgage
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template