Headlines News :
Home » » အာရှဖူဂျီ အထည်ချုပ်စက်ရုံက အလုပ်သမားတွေ စက်ရုံတွင်းမှာ လုပ်ခလစာတိုးပေးဖို့ အပါအ၀င် ကျန်းမာရေးကြောင့် အလုပ်မဆင်းနိုင်တာကို ပိုက်ဆံမဖြတ်ဖို့ စတဲ့အချက်တွေကို တောင်းဆို

အာရှဖူဂျီ အထည်ချုပ်စက်ရုံက အလုပ်သမားတွေ စက်ရုံတွင်းမှာ လုပ်ခလစာတိုးပေးဖို့ အပါအ၀င် ကျန်းမာရေးကြောင့် အလုပ်မဆင်းနိုင်တာကို ပိုက်ဆံမဖြတ်ဖို့ စတဲ့အချက်တွေကို တောင်းဆို

Written By လွင့်မောင်မောင် on Friday, June 1, 2012 | 8:57 PM


လှိုင်သာယာစက်မှုဇုန် (၄) မှာရှိတဲ့ အာရှဖူဂျီ အထည်ချုပ်စက်ရုံက အလုပ်သမားတွေ စက်ရုံတွင်းမှာ လုပ်ခလစာတိုးပေးဖို့ အပါအ၀င် ကျန်းမာရေးကြောင့် အလုပ်မဆင်းနိုင်တာကို ပိုက်ဆံမဖြတ်ဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့တာကို စက်ရုံတာဝန်ရှိသူတွေဘက်က
ဆွေးနွေး ညှိနှိုင်းတာမျိုး မလုပ်ဘဲ ရဲနဲ့ဖမ်းမယ်လို့ ခြိမ်းခြောက်ပြောဆို
လာလို့ အလုပ်သမား (၂၀၀) လောက်က မနေ့ ညနေပိုင်းကစလို့ အလုပ်မဆင်းဘဲ စက်ရုံရှေ့ထွက်ပြီး ဆန္ဒပြနေတယ်လို့ သိရပါတယ်။

စက်ရုံတွင်းမှာ ငြိမ်းချမ်းစွာ တောင်းဆိုခဲ့တဲ့ အလုပ်သမား (၄၀)လောက်ကို စက်ရုံ တာဝန်ရှိသူတွေဘက်က ခြိမ်းခြောက် ပြောဆိုလို့ အခုလို ဆန္ဒပြခဲ့တဲ့ အခြေအနေကို ဆန္ဒပြ အလုပ်သမ တဦးက ပြောပါတယ်။

"လစာကို သူများစက်ရုံတွေမျိုးပဲ သုံးသောင်းတိုးချင်တယ်။ အထဲမှာ တောင်းဆိုတာကို သူတို့ဘက်က လုံးဝမလက်မခံဘူးလေ။ လက်မခံတဲ့အတွက်ကြောင့်မို့ သမီးတို့ အပြင်ကိုထွက်ပြီးတောင်းဆိုတယ်။ ဒီနေ့ဆိုရင် (၄)ရက်ရှိသွားပြီ။ ပထမပိုင်းက လူနည်းတယ်။ အခုဟာက လူများတယ်။ နှစ်ရာလောက်ရှိတယ်။ အပြင်ထွက်တယ် ဆိုတာကလည်း ပထမ ထွက်နေတဲ့သူတွေကို ထုတ်မယ်လို့ ရဲခေါ်ပြီး အဖမ်းခိုင်းမယ်တို့ အရေးယူခိုင်းမယ်လို့ အဲလိုမျိုးတွေကြားတဲ့အခါကြတော့ မနေ့က နေ့ခင်းလောက်ကစပြီး လူအများကြီးနဲ့ထွက်တာ။"

အာရှဖူဂျီစက်ရုံမှာ အလုပ်သမား (၃၀၀) ကျော်လောက်ရှိပြီး အဲဒီစက်ရုံတွင်းမှာ အလုပ်ချိန် မနက်ရှစ်နာရီကနေ ညနေ (၆)နာရီခွဲအထိ အလုပ်လုပ်ကြရပြီး အချိန်ပိုကြေးလည်းမရရှိဘူး လို့သိရပါတယ်။

အနိမ့်ဆုံးလုပ်အားခ (၆၀၀၀၀) ခြောက်သောင်းကနေ အမြင့်ဆုံး ရှစ်သောင်းကျော်ရရှိပေမယ့် ကျန်းမာရေးကြောင့် အလုပ်တရက်
နားခဲ့မယ်ဆိုရင် ကျပ်ငွေ (၁၂၀၀၀)ထိ ဖြတ်တောက်တာကြောင့် တချို့ ကျန်းမာရေးမကောင်းတဲ့ အလုပ်သမားတွေ လုပ်ခလစာ ထုတ်တဲ့အခါ တပြားမှ မကျန်တဲ့ အခြေအနေတွေထိ ဆိုးဝါးကြောင်း စောစောက အလုပ်သမက ဆက်ပြောပါတယ်။

အလားတူ လှိုင်သာယာစက်မှုဇုန်(၃)ထဲမှာရှိတဲ့ ပေါ်ပြူလာနဲ့ ဂရင်းဂယ်လိုရီ အထည်ချုပ်စက်ရုံ (၂)ရုံမှာလည်း အလုပ်သမား နှစ်ထောင်လောက် အခြေခံလုပ်ခလစာတိုးပေးဖို့ တောင်းဆို ဆန္ဒပြနေတယ်လို့ အလုပ်သမား
သမဂ္ဂဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ကိုထွန်းထွန်းနိုင်က အခုလိုပြောပါတယ်။

"ဒီကနေ့လှိုင်သာယာစက်မှုဇုန်ထဲက ပေါ်ပြူလာဆိုတဲ့ အထည်ချုပ်
စက်ရုံရယ်နောက်တခါ ဂရင်းဂယ် လိုရီ ဆို တဲ့စက်ရုံရယ်
နှစ်ရုံပေါင်းဆိုရင်တော့ လူအင်အား နှစ်ထောင်ဝန်းကျင် လောက်ရှိမှာပေါ့ ဆန္ဒပြနေတယ်။ အကုန်လုံးက အခု သုံးသောင်းဆိုပြီးတော့ အားလုံး တည်ပြီးတော့ တောင်းဆိုကြပါတယ်။ နောက်တခါ သူတို့ ရက်မှန်ကြေးတို့ အိုတီဆုကြေး တို့ အဲဒီထဲမှာထည့်ပြီးတော့ ပေါင်းမပေးဘဲ သီးခြားပိုက်ဆံပေးဖို့ကို သူတို့ကတောင်းဆိုနေကြတာ သူတို့အထဲမှာ ရှိတဲ့ အခက်အခဲလေးတွေပေါ့ ။ အဲဒါလေးတွေ တောင်းဆိုကြတာ အဓိက က သူတို့က လစာသုံးသောင်း ထပ်ပြီးတိုးပေးဖို့ တောင်းတာပဲ။"

အခုဆန္ဒပြနေတဲ့ အာရှဖူဂျီ၊ ပေါ်ပြူလာ၊ ဂရင်းဂယ်လိုရီ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားတွေတောင်းဆို ဆန္ဒပြနေတဲ့ အချက်တွေနဲ့ပတ်သက်လို့ လုပ်ငန်းရှင်တွေဘက်က တစုံတရာ ညှိနှိုင်းဆွေးနွေးတာမျိုး ဒီကနေ့ ညနေအထိ မရှိသေးဘူးလို သိရပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template