လိုင်စင်မဲ့ကား တင်သွင်းမှုများတွင် ပါဝင်ပတ်သက်သူ ရန်ကုန်ဆိပ်ကမ်း အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူများ အရေးယူခံရခြင်း မရှိသေးဘဲ တရားမ၀င် ကားတင်သွင်းမှု ဆက်လက် ပေါ်ပေါက်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
လိုင်စင်မဲ့ကား ထောင်နှင့်ချီ တင်သွင်းမှုများအတွက် အကောက်ခွန် ဦးစီးဌာန အပါအ၀င် ဆိပ်ကမ်း တာဝန်ကျ အစိုးရ ၀န်ထမ်းများအကြား အချင်းချင်း အဝေမတည့်ဖြစ်ပွားပြီး အပြန်အလှန် တိုင်ကြားမှုရှိခဲ့ကြောင်း၊
ထိုကြောင့် ယမန်နှစ် ဇူလိုင်လနောက်ပိုင်း လိုင်စင်မဲ့ကားတင်သွင်းမှု မကြာခဏ ဖမ်းဆီးမိခဲ့ကြောင်း၊
မီဒီယာများက ဖော်ထုတ်ရေးသားခဲ့ပြီး နောက်ပိုင်း အကောက်ခွန်ဝန်ထမ်း ၆၀ ကျော် စစ်ဆေးခဲ့ရကြောင်း သိရှိရသည်။
“လိုင်စင်မဲ့ကား ဆိပ်ကမ်းက တင်သွင်းမှုနဲ့ပတ်သက်လို့ အထူး စုံစမ်း စစ်ဆေးရေးဦးစီးဌာနက စစ်ဆေးခံခဲ့ရ တဲ့အရာရှိတွေအားလုံးက ဘာမှ အရေးမယူခံရတဲ့အပြင် အရေးပါတဲ့ဌာနတွေမှာ နဂိုပုံစံအတိုင်း တရားမ၀င် ကားတင်သွင်းမှုတွေကို ဆက်လက် ကျူးလွန်နေကြတယ်။ ပိုင်တဲ့သူတွေက ကွန်တိန်နာလိုက်ကို လိုင်စင်မဲ့ကားတွေ သွင်းတယ်၊ထုတ်သွားကြတယ်” ဟု နေပြည်တော်ဘဏ္ဍာရေးနှင့်အခွန်
ယခင်က ဆိပ်ကမ်းမှ လိုင်စင်မဲ့ကားများ တင်သွင်းခဲ့ကြရာတွင် လိုင်စင်မဲ့Super Custom ကားများ တင်သွင်းခဲ့ကြခြင်း ဖြစ်ပြီး ယခုအခါတွင်မူ လိုင်စင်မဲ့Light Truck ကုန်တင်ယာဉ်ငယ်များကို တင်သွင်းကြခြင်းဖြစ်ကြောင်း
“တရားမ၀င်Super Custom ကားတွေက ပြသနာတွေ တအားတက်သွားတော့ ဘယ်သူမှ မသွင်းကြဘူး။ အခု စက်မှုဝန်ကြီးဌာနက စက်မှုဇုန်တွေကို Light Truck ကားထုတ်လုပ်ခွင့်တွေ ရာနဲ့ချီထပ်ပေးတယ်။ အဲဒီတော့ဇုန်တွေက Light Truck ကားတွေကိုပဲ ဆိပ်ကမ်းတွေကနေ ကွန်တိန်နာလိုက်တရားမ၀င် သွင်းကြတာ” ဟု ရန်ကုန်အကောက်ခွန်ဦးစီးဌာန
လတ်တလော အေးရှားဝေါလ်ဆိပ်ကမ်းတွင် တရားမ၀င် တင်သွင်းလာသော မော်တော်ကားအစိတ်အပိုင်းမျာ
“အစစ်အဆေးတွေက အခုအချိန်မှာ နည်းနည်းပြန်ပျော့သွားပြီ။ ဟိုတလောက အွန်လိုင်းမှာ တောက်လျှောက် လိုင်စင်မဲ့ကားတွေမိတဲ့သတင်
အကောက်ခွန်ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အပါအ၀င