မင်္ဂလာပွဲကိုတော့ ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီမှ ၇ နာရီအထိ ရန်ကုန်၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ မှာ ကျင်းပမှာဖြစ်ပါကြောင်း သတင်းမောင်း ခတ်လိုက်ပါတယ်။
မကြာသေးခင်ကလည်း ဧရာဝတီက သူတို့ မင်္ဂလာသတင်းအတွက် ပို့စ်တင်ခဲ့ပါသေးတယ်။ အခုလို ကိုကျော်ကျော်ထွေး ခေါ် ကိုမာကီးနဲ့ မစုစုနွေးတို့ မင်္ဂလာမောင်နှံကိုလည်း ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေး အကျိုးများအတွက် ပိုပြီးစွမ်းစွမ်း တမံ ကြိုးစားဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။