Headlines News :
Home » » ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ထိပ်ပိုင်းနေရာအတွက် ပထမအကြိမ်ညီလာခံကျင်းပ

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ထိပ်ပိုင်းနေရာအတွက် ပထမအကြိမ်ညီလာခံကျင်းပ

Written By လွင့်မောင်မောင် on Tuesday, May 29, 2012 | 11:48 PM



မိုးဝေ-ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup on 26 May, 2012
  ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်က (ရတပ)ပါတီသည် ရခိုင်ပြည်နယ်၌ အင်အာကြီးပါတီဖြစ်သည့်  ကြံ့ခိုင်းရေး ပါတီကို  မြောက်ပိုင်းဒေသတွင် မဲအပြတ်သတ်ဖြင့် အနိုင်ရခဲ့သည့်ပါတီ ဖြစ်သည်။
ရခိုင်အမျိုးသားပါတီဖြစ်သည့်ရခိုင်တိုင်းရင်းသားများတိုးတက်ရေး(ရတပ)ပါတီအနေဖြင့် မေလ(၃၀)ရက် နေ့တွင် စစ်တွေမြို့၌ကျင်းပမည့် ပထမအကြိမ်ပါတီညီလာခံတွင် ပါတီထိပ်ပိုင်းခေါင်းဆောင်များ အပြောင်း အလဲပြုလုပ်တော့မည်ဖြစ်သည်။
 
(ရတပ)ပါတီ၏ ပထမအကြိမ်ကျင်းပမည့်ပါတီညီလာခံတွင်  ဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ဗဟိုကော်မတီဝင်များကို  အဆိုပါညီလာခံတွင် ရွေးချယ်သွားမည်ဖြစ်သည်။
 
“ဒီလကုန်(၃၀)ရက်နေ့မှာ ပါတီညီလာခံကျင်းပမှာပါ၊အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ဥက္ကဋ္ဌကြီးလည်း စစ်တွေသွားပါ ပြီ”ဟု (ရတပ)ပါတီရန်ကုန်မှ တာဝန်ခံတစ်ဦးက အတည်ပြုပြောဆိုသည်။

(ရတပ)ပါတီ၏မြို့နယ်ခွဲရုံးမျာကို ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် ဖွင့်လှစ်နိုင်ခဲ့သော်လည်း လက်ရှိ အနေအထား တွင်  တောင်ပိုင်းဒေသများတွင် တိုးချဲ့ဖွင့်လှစ်ထားကြောင်း သိရသည်။
 
“ အခု ချင်းပြည်နယ်မှာဆိုရင် ပါတီနှစ်ခုပေါင်းစည်းလိုက်ပြီ၊   ကျွန်တော်တို့ဘက်မှာတော့ ၂၀၁၅ မှာ အကြိတ် အနှယ်ယှဉ်ပြိုင်ရမှာက အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ရှိလာပြီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်လည်း ရှိလာပြီ ၊ နောက်ကြံ့ခိုင်ရေးပါတီလည်း ၂၀၁၅ အတွက် ပြင်ဆင်မှုတွေလုပ်နေပြီ ဒီတော့ အခုကျင်းပမဲ့ ရတပ ညီလာခံက   ရွေးချယ်မယ့်ခေါင်းဆောင်တွေအနေနဲ့ ဒါတွေကို ထည့်စဉ်းစားသင့်ပါတယ်’’ဟု ရခိုင်နိုင်ငံရေးအား   လေ့လာစောင့်ကြည့်နေ  သူတစ်ဦးက ဆိုသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template