Headlines News :
Home » » ဒေါ်အောင်ဆန်းစုကြည်ကို မယ်လဒုက္ခသည်စခန်းက နွေးထွေးစွာကြိုဆိုကြ

ဒေါ်အောင်ဆန်းစုကြည်ကို မယ်လဒုက္ခသည်စခန်းက နွေးထွေးစွာကြိုဆိုကြ

Written By လွင့်မောင်မောင် on Saturday, June 2, 2012 | 10:40 PM

RFA
Photo: ဒေါ်အောင်ဆန်းစုကြည်ကို မယ်လဒုက္ခသည်စခန်းက နွေးထွေးစွာကြိုဆိုကြ

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာဒီကနေ့ထိုင်း၊မြန်မာနယ်စပ်မယ်လစစ်ဘေးဒုက္ခသည်စခန်းကိုသွားရောက်ရာမှာလူထောင်ပေါင်းများစွာကသူတို့ရဲ့တိုင်းရင်းသားရိုးရာဝတ်စုံတွေဝတ်ဆင်ပြီးအလံတွေဝှေ့ယမ်းကြိုဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က ပလပ်စတပ် ထိုင်ခုံပေါ် မတ်တပ်ရပ်ပြီး အသံချဲ့စက် မိုက်ကရိုဖုန်းမပါပဲသူ့ကိုကြိုဆိုနေကြတဲ့လူအုပ်ကြီးကို နုတ်ဆက်စကားပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မိုက်ကရိုဖုန်းမရှိတဲ့အတွက် သူကိုကြိုဆိုကြတဲ့ လူအုပ်ကြီးကို ကြာကြာစကား မပြောနိုင်ခဲ့ပေမဲ့ ဒုက္ခသည်စခန်းက ခေါင်းဆောင်တွေနဲ့ အချိန်ယူပြီး ဆွေးနွေးခဲ့ပါတယ်။  အခုလို ထိုင်း၊မြန်မာနယ်စပ် က စစ်ဘေးဒုက္ခသည်တွေကို လာရောက်တွေ့ဆုံတာဟာ ဒါပထမ ဦးဆုံး အကြိမ်ဖြစ်ပါတယ်။ 

ကရင်တိုင်းရင်းသားအများဆုံးအပါအ၀င် စစ်ဘေးဒုက္ခသည်ပေါင်း (၁)သိန်း(၄)သောင်းလောက်ဟာ နယ်စပ်တလျှောက် ဒုက္ခသည်စခန်းအသီးသီး နေထိုင်ကြတဲ့အထဲမှာ အဲဒီ မဲလဒုက္ခသည်စခန်းဟာ အကြီးဆုံး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ မဲလဒုက္ခသည်စခန်းကနေ မနက်(၁၀)နာရီမှာ ထွက်ခွာလာပြီး မဲဆောက်မြို့ကို နေလည်(၁)နာရီလောက်မှာ ရောက်ရှိပါတယ်။ အဲဒီနောက် နေလည်(၂)နာရီ(၁၅)မီနစ်မှာ မဲဆောက်လေဆိပ်ခန်းမအတွင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး (၃)နာရီမှာ အထူးလေယာဉ်နဲ့ ဘန်ကောက်မြို့ကို ထွက်ခွာသွားပါတယ်။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio

Mandalay FM Live Radio

လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template