Headlines News :
Home » » ရန်ကုန်တိုင်းဒေသကြီးတွင် မီးအပြည့်အ၀ရရှိရန် နေပြည်တော် လျှပ်စစ်(၂) ညွှန်ကြားချက်အပေါ်မူတည်

ရန်ကုန်တိုင်းဒေသကြီးတွင် မီးအပြည့်အ၀ရရှိရန် နေပြည်တော် လျှပ်စစ်(၂) ညွှန်ကြားချက်အပေါ်မူတည်

Written By လွင့်မောင်မောင် on Friday, June 1, 2012 | 8:59 PM



အောင်ကိုကိုလတ် (မြစ်မခ)
ဇွန်(၁)ရက်၊ ၂၀၁၂ခုနှစ်။

ရန်ကုန်တိုင်းဒေသကြီးတွင်း (၂၄)နာရီ အချိန်ပြည့် လျှပ်စစ်မီးပေးနိုင်ရန် ရွှေလီ-မန်စံမှပေးသော ဓာတ်အား ပေါ်မူတည်ကာ   နေပြည်တော် အမှတ်(၂)လျှပ်စစ်ဝန်ကြီင်္းဌာန၏ ညွှန့်ကြားချက်ရရှိမှသာ ပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း၊အမှတ်-(၂) လျှပ်စစ်ဝန်ကြီးဌာနက သိရှိရသည်။

‘’ ရွှေလီ-မန်စံကပေးပို့တဲ့ ဓါတ်အားပေါ်မူတည်ပြီးတော့ နေပြည်တော်က ညွှန်ကြားချက်အပေါ်မူတည်ပြီး လျှပ်စစ်မီးပေးသွားမှာပါ” ရန်ကုန်တိုင်း၊အမှတ်-(၂)လျှပ်စစ်ဝန်ကြီးဌာနမှ ဗိုလ်မှူးကျော်ဋ္ဌေးမြင့်ကပြောသည်။

လက်ရှိတွင် မေလအတွင်း မိုင်းခွဲဖျက်ဆီးခဲ့သော ရွှေလီ-မန်စံ ၂၃၀ ကေဗွီမဟာဓာတ်အားလိုင်းရှိ တာဝါတိုင် များမှ  တာဝါတိုင်အမှတ် ၇၃၊၂၀၆၊၂၀၈ နှင့် ကွန်ကရစ်တိုင် အမှတ် ၂၄၉ တို့အား မေ လကုန်ပိုင်းတွင် ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့ပြီး တာဝါတိုင်အမှတ် ၂၀၇ အား ပြင်ဆင်ရန် ၄၀%သာ ကျန်ရှိကြောင်း အမှတ်(၂)လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန၏သတင်းထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ မြို့နယ်များတွင် လျှပ်စစ်မီးအချိန်ပိုင်းမျှဝေပေးသော်လည်း မီးဖြတ်တောက်ချိန် သာတိကျပြီး မီးပေးမူတွင် အချိန်တိကျခြင်းမရှိကြောင်း ရပ်ကွက်နေပြည်သူများထံက သိရှိရသည်။

“ကျွန်မတို့ မြောက်ဒဂုံမှာဆို အချို့နေရာတွေမှာ မီးဖြတ်ချိန် (၅)နာရီဆို တစ်မိနစ်တောင်မစွန်းဘူး။ မီးပေးချိန် ကျတော့ ၁၁နာရီဆိုရင် (၁) နာရီလောက်မှလာတယ်။ နောက် (၂)နာရီလောက်ပြန်ပြတ်တယ်။ (၄)နာရီ ခွဲ လောက် ပြန်လာပြီး (၅) နာရီဆိုတာနဲ့ ပြန်ပြတ်တယ်။ အခုရက်ပိုင်းတွင်းကို ၄-၅ ရက်လောက်ဖြစ်နေတယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်း(၄၃)ရပ်ကွက်မှ ဒေါ်စံပယ်က ပြောသည်။

လျှပ်စစ်မီးဖြတ်ထောက်ချိန် တိကျသော်လည်း လျှပ်စစ်မီးမျှဝေပေးချိန် မတိကျခြင်းကြောင့် မီးလာချိန်အားကိုး နေရသူများအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

“အချိန်ပိုင်း ပေးနေတာပါ။ ဒါပေမယ့် ရပ်ကွက်ထဲမှာရှိတဲ့ ထရမ်စဖော်မာပုံးတွေ ပျက်တာတို့၊ ဆားဗစ်ကြိုးတွေ ပျတ်တာတွေကို   ပြင်ဆင်နေရလို့ပါ။ ပြင်ဆင်ပြီးတဲ့အချိန်မှာ မီးပေးချိန်အတွင်းမှာ မီးပေးချိန်ရှိသေးတယ်ဆိုရင် ဆက်လွတ်ပေးပါတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း EPC ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ လျှပ်စစ်မီးအချိန်ပိုင်းမျှ ဝေးပေးမူကို မေလ (၂၀)ရက်နေ့နောက်ပိုင်းမှ စတင်ခဲ့ပြီး နံနက်( ၅)နာရီ မှ (၁၁)နာရီ၊ ညနေ (၅)နာရီမှ ည(၁၁)နာရီသို့ အချိန်ပိုင်းပြောင်းလဲပေးခဲ့ပြီး တစ်နေ့လျှင် (၆)နာရီ လျှပ်စစ်မီး ဖြတ်တောက်ထားသည်။

“ကျွန်တော်တို့ သံလျင်ဘက်မှာတော့ ဆန္ဒပြလိုက်တဲ့ပြီး (မေ ၂၇) နောက်ရက်ကတော့ မီး တနေကုန် လာတယ်။ အခုတော့ အရင်ကထက် တစ်နာရီ နှစ်နာရီလောက် ပိုပေးနေတာကိုတွေ့ရတယ်။ မိုးတွင်းလည်း ရောက်ပြီး၊ လျှပ်စစ်တာဝါတိုင်တွေလည်း   ပြန်ပြင်ပြီးလောက်ပြီဆိုတော့ လျှပ်စစ်မီးအချိန်ပြည့် ပြန်ပေးသင့် တယ်” ဟု သံလျင်မြို့နယ်မှ ဒေသခံ ကိုကျော်ကြီးက ပြောသည်။

ရန်ကုန်တိုင်းတွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင်မူ မီးဖြတ်ထောက်မှုကို မေလ (၁၉) ရက်မှစတင်ကာ ၂၄ နာရီ လျှပ်စစ်မီးဖြတ်ထောက် ထားကြောင်း သိရသည်။

မေလ (၁၉)ရက်နေ့တွင် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများမှ မိုင်းခွဲခြင်းကြောင့် ပျက်ဆီးခဲ့သည့် ရွှေလီ-မန်စံ ဓာတ်အားလိုင်းတိုင်များမှာ မေလကုန်ပိုင်းတွင် ပြုပြင်မှုများအပြီးဆောင်ရွက်ရန်ယာထားကြောင်း သိရှိရသည်။
Shwe Myitmakha Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template