Planet Myanmar Network
Wednesday
စမတ်ဖုန်းနှင့်
Bluetooth အသုံးပြု ချိတ်ဆက်နိုင်ပြီး စမတ်ဖုန်းမှ text message များကို
ဖော်ပြပေးနိုင်မည့်အပြင် သီချင်းနားထောင်သည့် စနစ်ကို ထိန်းချုပ်နိုင်သော
စမတ်နာရီများ (smart watch) ထုတ်လုပ်မည့် စီမံကိန်းမှာ
ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကြောင့် နှစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ
၁၀ သန်းထိ တန်ဖိုးမြင့်တက်လာကြောင်း Daily Mail က ဖော်ပြသည်။
နာရီထုတ်လုပ်သူများက တစ်လအတွင်း အမေရိကန်ဒေါ်လာ တစ်သိန်း တန်ကြေးရှိလာမည်ဟု ခန့်မှန်းခဲ့သော်လည်း နာရီထုတ်လုပ်မည့် စီမံကိန်းကို Kickstarter ဝက်ဘ်ဆိုက်တွင် ကြေညာအပြီး နာရီပိုင်းအတွင်း ထိုပမာဏသို့ ရောက်ရှိလာခဲ့သည်။
E Ink screen အသုံးပြုထားသည့် စမတ်နာရီများမှာ Android နှင့် iPhone စမတ်ဖုန်း အမျိုးအစားများနှင့် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။