
မြန်မာနိုင်ငံကို ၃ ရက်ကြာ ရောက်နေတဲ့ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မနေ့က သမ္မတ ဦးသိနိးစိန်နဲ့ တွေ့ဆုံ အပြီးမှာ ကြိုတင်သဘောတူညီထားတဲ့အတိုင်း မြန်မာပြည်ကို ဒေါ်လာသန်း ၅၀၀ ချေးပေးမယ့်အစီအစဉ်အပါအ၀င် နှစ်နိုင်ငံ သဘောတူညီချက် ၁၂ ခုကို လက်မှတ်ထိုးလိုက်ကြပါတယ်။


မြန်မာ-အိန္ဒိယနယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ
မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်၌ နယ်စပ်ဈေးများ ဖွင့်လှစ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြားလေကြောင်းဝန်ဆောင်မှုဆိုင်ရာ သဘောတူညီချက်
မြန်မာနိုင်ငံသတင်းအချက်အလက် နှင့် နည်းပညာဌာန တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (MISIS) နဲ့ နယူးဒေလီရှိ Institute For Defence Studies and Analyses (IDSA) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်
MISIS နဲ့ နယူးဒေလီရှိ TheIndian Council of World Affairs (ICWA) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်

စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးအဆင့်မြင့်ဌာန တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
နေပြည်တော် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၌ ခေတ်မီပညာပေး စပါးဇီဝ ဥယျာဉ် တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ

အိန္ဒိယအစိုးရက အတိုးနှုန်းသက်သာစွာ ချေးပေးမည့် ဒေါ်လာ သန်း ၅ဝဝ နှင့် ပတ်သက်သည့် နားလည်မှုစာချွန်လွှာ
ဒဂုံတက္ကသိုလ်နှင့် ကာလကတ္တား တက္ကသိုလ် အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ


အိန္ဒိယက ဒေါ်လာ သန်း ၅၀၀ မြန်မာကို ချေးမည်
India Awards Burma $500m Credit Deal