Sunday, 03 June 2012 16:40
မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတစ်လျှောက်ရှိ ရေနံနှင့်
သဘာဝဓါတ်ငွေ့ စခန်းများကို ကြီးကြပ်ကွပ်ကဲရန်အတွက် မြန်မာနိုင်ငံသား
ဝန်ထမ်းများကို ခေါ်ယူလျက်ရှိကြောင်း သတင်းရရှိသည်။
မြန်မာ-တရုတ်
သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းသည် တရုတ် ၊ မြန်မာ၊ အိန္ဒိယ၊
ကိုရီးယားနိုင်ငံများရှိ သက်ဆိုင်ရာကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံထားပြီး
မြန်မာနိုင်ငံတ၀ှမ်းမှ ၀န်ထမ်းများကို ခေါ်ယူလျက်ရှိကြောင်း၊ Oil & Gas
Station Operation Post အတွက်ဝန်ထမ်း ၅၀ ဦးနှင့် Managerial Post for
Pipeline Patrol Support အတွက် ၁၀ ဦးခေါ်ယူထားကြောင်းနှင့်
မြန်မာလူငယ်အင်ဂျင်နီယာများ လျှောက်ထားနိုင်ကြောင်း Career Development
Consultancy Co.Ltd (CDC)မှ ဒါရိုက်တာဦးလင်းက ပြောကြားခဲ့သည်။
''မြန်မာနိုင်ငံ
ဒေသအသီးသီးက အင်ဂျင်နီယာတွေ လျှောက်ထားနိုင်ပါတယ်။
အလုပ်လျှောက်လွှာတွေကိုတော့ ကျွန်တော်တို့ CDC ကလက်ခံ ပေးပြီးအင်တာဗျူးနဲ့
အလုပ်ခန့် တာကိုတော့ CNPC ကုမ္ပဏီက ဆောင်ရွက်မှာဖြစ်ပါတယ်''ဟုလည်း CDC
မှဒါရိုက်တာဦးလင်းက ပြော ကြားခဲ့သည်။
Oil&Gas Station Operation
Post အတွက် ၀န်ထမ်း ၅၀ ဦး ခေါ်ယူလျက်ရှိရာ အလှည့်ကျလုပ်ငန်းစနစ်ဖြင့်
လိုက်နာဆောင်ရွက်ခြင်း၊ တာဝန်လွှဲပြောင်းခြင်း၊
ကင်းလှည့်ကြပ်မတ်ခြင်း၊လုပ်ငန်းခွင် အန္တရာယ်များကို ကြိုတင်အကဲခတ်
သိရှိပြီး အရေး ပေါ်ကိစ္စရပ်တစ်ခု ဖြစ်လာပါက အချိန်မီ
ကိုင်တွယ်ဖြေရှင်းခြင်း၊ လုပ်ငန်းဖြစ်ရပ် အခြေအနေများကို အထက်သို့
အချိန်မီတင်ပြခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ပို့သည့် စက်ကိရိယာ
အခြေအနေနှင့် ၎င်းထိန်းချုပ်သည့် ပိုက်လိုင်းအပိုင်း၏ အခြေအနေများကို
တာဝန်ယူခြင်း၊ Station များ၏ Real Time Monitoring ကိစ္စရပ်များကို
အချိန်ပြည့် ကြီးကြပ်တာဝန်ယူရမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
အလားတူ
Managerial Post for Pipeline Patrol Support အတွက်မူ ၁၀ ဦး ခေါ်ယူထားပြီး
Station များ၏ နေ့စဉ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ကူညီပံ့ပိုးခြင်း၊
ပိုက်လိုင်းတစ်လျောက်ရှိဒေသနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို
ကူညီဆောင်ရွက်ခြင်း၊ ပိုက်လိုင်း maintenance လုပ်ငန်းများ ကူညီပေးခြင်း၊
လုပ်ငန်းဆောင်ရွက်ရာတွင် ဘာသာပြန်ပေးခြင်းနှင့် ပိုက်လိုင်းထိန်းသိမ်းရေး၊
လုံခြုံရေးဆိုင်ရာ အသိပေးလုပ်ငန်းများတွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း
သိရသည်။
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago