From: Reuters (13.07.2012)
အိမ်နီးချင်းနိုင်ငံများ နှင့် လူအခွင့်အရေး အဖွဲ့များ၊ ပြည်သူတို့၏ တောင်းဆိုမှု များကြောင့် မဲခေါင်မြစ် ပေါ်မှာ တည်ဆောက်နေတဲ့ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယမ် ကုန်ကျ မည့်၊ ရေကာတာ တည်ဆောက်နေမှုကို ရပ်ဆိုင်းလိုက် ကြောင်း လာအို အစိုးရပိုင်းက မနေ့က ၁၃.၀၇.၂၀၁၂ မှာ ပြောဆိုလိုက်ပါသည်။ (၂၀၁၁၊ ဒီဇင်ဘာလ မှာ ရေကာတာ တည်ဆောက်မှု ကို ရပ်ဆိုင်းပါမည် ဟု လာအိုဘက်က စတင်လက်ခံခဲ့ ခြင်း ဖြစ်သည်။ ရေကာတာ တည်ဆောက်ပြီး ပါက၊ လျှပ်စစ်ဓာတ်အား ၁,၂၆၀ မက်ဂါဝပ် ထွက်ရှိမည်ဖြစ်သည်။)
“လာအိုအစိုးရ က စီမံကိန်းကြီးကို ရပ်ဆိုင်းလိုက်တာပါ။ ကျနော်တို့ အများကြီး လေ့လာမှုတွေ လုပ်ရပါ ဦးမယ်” ဟု လာအို နိုင်ငံခြား ရေးဝန်ကြီး Thongloun က ကမ္ဘောဒီးယားနိုင်ငံ ဒေသ တွင်းဆိုင်ရာ အစည်းအဝေးမှာ သတင်းထောက်တွေကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထိုသို့ ရပ်ဆိုင်း လိုက်ခြင်း အတွက် ဗီယက်နမ်နိုင်ငံ အထူးထောက်ခံခဲ့ကြသည်။ ဗီယက်နမ် လူထုများစွာတို့ သည် မဲခေါင်မြစ် ကို အမှီပြု နေကြရသည်။
ရေကာတာနှင့် ပတ်သက် Environment Impact Assessment လုပ်ရန် ဂျပန်ပညာရှင် များအဖွဲ့မှ ဦးဆောင် လေ့လာမည် ဖြစ်သည်။
မဲခေါင် မြစ်သည် ၄၉၀၀ ကီလိုမီတာ ရှည်လျားသည်။ မဲခေါင် ရေကာတာသည် မဲခေါင်မြစ်ပေါ် တွင် ပထမဆုံး တည်ဆောက်သော ရေကာတာ ဖြစ်သည်။ ထိုင်းနိုင်ငံ မှ ရင်းနှီး မြှုပ်နှံပြီး၊ ထွက် ရှိမည့် လျှပ်စစ်ဓာတ်အား၏ ၉၅% ကို ထိုင်းနိုင်ငံက ယူမည် ဖြစ်သည်။ စီမံကိန်းမှာ လာအို နိုင်ငံ အတွင်း မဲခေါင် မြစ်ပေါ်တွင် ရေကာတာ ၉ ခုတည်ဆောက်ရန် ဖြစ်သည်။