အဆိုပါခရီးစဉ်တွင် မန္တလေးမြို့တွင် သြဂုတ်လ ၈ရက်နေ့တွင် ပြုလုပ်မည့် ၈ လေးလုံးအရေးတော်ပုံ ငွေရတုအကြို ၀ါဆိုသင်္ကန်းကပ်လှူပွဲသို့ စတင်ထွက်ခွာခဲ့ခြင်း ဖြစ်ပြီး မန္တလေးမြို့မှတဆင့် မြစ်သားမြို့နယ်၊ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ ကျောက်ပန်းတောင်းမြို့များနှင့် ရှမ်းပြည်နယ် နောင်ခမ်းမြို့များသို့ အဖွဲ့နှစ်ဖွဲ့ခွဲကာ သွားရောက်ကြမည်ဖြစ်ကြောင်းသိရသည်။ သြဂုတ်လ ၉ ရက်နေ့တွင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့ ဦးဆောင်သော အဖွဲ့ဝင် ၁၂ဦးသည် မြစ်သားမြို့သို့ စတင်ထွက်ခွာပြီး ထိုမှတဆင့် မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ ကျောက်ပန်းတောင်းမြို့များသို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ် သွားရောက်မည်ဖြစ်သည်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်သည့် အဖွဲ့ဝင် ၁၀ ဦးတို့သည် ရှမ်းပြည်နယ် နောင်ခမ်းသို့ ၅ ရက်ကြာ ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူများအား စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘ၀အခက်အခဲများ ဖြေရှင်းနိုင်ရန် စွမ်းရည်မြင့်တင်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ |
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago