Headlines News :
Home » » အမြုတေ စာနယ်ဇင်းကောင်စီ ဖွဲ့စည်း

အမြုတေ စာနယ်ဇင်းကောင်စီ ဖွဲ့စည်း

Written By လွင့်မောင်မောင် on Saturday, August 11, 2012 | 7:11 AM

2012-08-10
မြန်မာအစိုးရက မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ အမည်နဲ့ စာနယ်ဇင်း အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းလိုက်တဲ့အကြောင်း ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်က မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းလိုက်ကြောင်း သတင်းထုတ်ပြန်ချက်။
အဲဒီအဖွဲ့ဟာ လက်ရှိတည်ဆဲ ဥပဒေတွေနဲ့အညီ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်သိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိသလို စာနယ်ဇင်းကျင့်ဝတ်တွေ ရေးဆွဲပြဋ္ဌာန်းပြီး ကျင့်ဝတ်ချိုးဖောက်ရင် လိုအပ်သလို အရေးယူရမယ့်အဖွဲ့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် အငြိမ်းစား တရားရုံးချုပ် တရားသူကြီး ဦးခင်မောင်အေးနဲ့ အတွင်းရေးမှူးအဖြစ် သတင်းစာဆရာ ကိုကို (စက်မှုတက္ကသိုလ်) တို့ကို တာဝန်ပေးထားပါတယ်။
အဖွဲ့ဝင် အယောက်နှစ်ဆယ်ပါဝင်တဲ့ ဒီအဖွဲ့မှာ စာရေးဆရာ မောင်ဝံသ၊ အယ်ဒီတာ ဦးသီဟစောနဲ့ ရိုက်တာသတင်းဌာနက ဦးအောင်လှထွန်းတို့ ပါဝင်လာပြီး ကျန်အဖွဲ့ဝင် အများစုက အရင်စာပေနဲ့ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်ဟောင်းတွေ ဖြစ်တယ်လို့ ပြည်တွင်း မီဒီယာသမားတွေက ပြောပါတယ်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့ဟာ လွတ်လပ်တဲ့ အဖွဲ့တစ်ဖွဲ့ ပုံစံမပေါက်ဘဲ အစိုးရဝန်ထမ်းတွေလို ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တွေဟာ ပြည်သူ့ဝန်ထမ်း တစ်ဦးရဲ့ အခွင့်အာဏာတွေ ရရှိစေရမယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template