Headlines News :
Home » , » အခြေခံ အုပ်ချူပ်ရေး ပြုပြင် ဖွဲ့စည်းရေး တနင်္သာရီ တွင် ခြေလှမ်းစ

အခြေခံ အုပ်ချူပ်ရေး ပြုပြင် ဖွဲ့စည်းရေး တနင်္သာရီ တွင် ခြေလှမ်းစ

Written By လွင့်မောင်မောင် on Wednesday, August 8, 2012 | 1:04 AM

တနင်္သာရီ တိုင်းဒေသကြီး အတွင်း ခရိုင်း သုံးခုတွင် အခြေခံ အုပ်ချူပ်ရေး ပြုပြင် ဖွဲ့စည်းရေး ခြေလှမ်း အစ အဖြစ် ရပ်ကွက်ကျေးရွာ အုပ်ချူပ်ရေးမှုး အဆင့် အထိ သင်တန်း စတင်ပေး မည်ဟု တနင်္သာရီ တိုင်းဒေသကြီး အထွေထွေ အုပ်ချူပ်ရေး ဦးစီး ဌာန ထံမှ သိရသည်။
အဆိုပါ သင်တန်းများကို ထားဝယ်၊ မြိတ်နှင့် ကော့သောင်း ခရိုင်တို့တွင် တပြိုင်နက် တည်း ပြုလုပ် မည်ဖြစ်ပြီး ဆင့်ပွား သင်တန်းပေး သည့် ပုံစံဖြင့် ပြုလုပ်မည် ဖြစ်သည်ဟု တိုင်း အုပ်ချူပ်ရေး ရုံးမှ ဒုတိယ ညွှန်ကြားရေးမှုး ဦးသန်းမြင့် က ဆိုသည်။
တိုင်းနှင့် ပြည်နယ် အသီးသီးမှ လက်ထောက် ညွှန်ကြားရေးမှုး များကို ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့နယ်ရှိ အုပ်ချူပ်မှု ပညာ ဖွံ့ဖြိုးရေး သင်တန်းကျောင်း တွင် တက်ရောက် စေခဲ့ပြီး ဆင့်ပွား သင်တန်းကို တိုင်းဒေသ ကြီး အုပ်ချူပ်ရေး အဖွဲ့ရုံးတွင် ဇူလိုင်လ ၂၅ မှ ၂၇ ရက်နေ့အထိ သုံးရက်ပြု လုပ်ခဲ့သည်။ အဆိုပါ သင်တန်းသို့ တိုင်း၊ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာန ရုံးအဆင့်ဆင့် မှ သင်တန်းသား ၃၂ ဦး တက်ရောက်ခဲ့သည်။
“ ဒါမျိုးတွေ ပို့ချသင့်တယ်။ တကယ်ဆို သုံးရက် ဆိုတာ ရက်တောင် နည်းနေပါသေးတယ် ” ဟု ဒုတိယ ညွှန်ကြားရေးမှုး ဦးသန်းမြင့်က ပြောသည်။
သင်တန်းတွင် လွှတ်တော်မှ ပြဌာန်းထားပြီး အသစ် ထွက်ရှိလာသည့်  ရပ်ကျေးဥပဒေ အပါအ၀င် အခြား ဥပဒေများကိုလည်း လက်တွေ့ လုပ်ငန်းခွင်တွင် ကြုံကြိုက်ရ သည့်များနှင့် ချိတ်ဆက် ဆွေးနွေး သင်ကြား သည်ဟုဆိုသည်။
လက်တွေ့အလုပ်လုပ်ကိုင် သည့်အခါတွင် အမှားအယွင်းများ မဖြစ်စေရန် ယင်းကဲ့သို့သင်ကြား ရခြင်းဖြစ်ပြီး လုပ်ငန်းအရ အတိုင်းအတာ တစ်ခုအထိ ထိစပ် လာနိုင်သည့် အတွက် နည်းဥပဒေ မထွက်သေး စေကာမူ ထွက်လာသည် ဥပဒေ သစ်များကို လေ့လာ ဖတ်ရှုသင့်သည် ၎င်းက ဆိုသည်။
ယခုကဲ့သို့ သင်တန်း ပြုလုပ်ခြင်းသည် ကောင်းမွန်သည့် အစီအစဉ် တစ်ခုဖြစ်သော်လည်း မူများသာ ပြောင်းပြီး လူ မပြောင်းသည့်အတွက် သိပ် မထူးခြားနိုင်ဘဲ ဥပဒေ မကောင်း သည့်တိုင်အောင် စိတ်ကောင်းရှိသူ အုပ်ချူပ်လျှင် ရပ်ရွာ အတွက် အကျိုး ရှိအောင် ကောင်းအောင် ဆောင်ရွက်လေ့ ရှိသည်ဟု အသက် ၃၅ နှစ်အရွယ် ထားဝယ်မြို့ခံ  ပွဲရုံပိုင်ရှင် တစ်ဦးက ဆိုသည်။
“လူရော၊ မူရော အရေးကြီးပါတယ်” ဟု ၎င်းက ပြောသည်။
ဥပဒေ အပြင် မိမိရပ်ရွာနှင့် အဆင်ပြေအောင် အုပ်ချူပ်ရ သည်များရှိပြီး  ဓားမဦးချမြေ ယာကိစ္စများကဲ့သို့ ရွာသူ ရွာသားများက စိုက်ပျိုး သည်များကို ဥပဒေ အရ အရေးယူလျှင် ရပ်ရွာနှင့် အဆင်မပြေနိုင်ဟု လောင်းလုံးမြို့နယ် မှ အသက် ၅၀ ကျော်အရွယ် ကျေးရွာ အုပ်ချူပ်ရေးမှုး တစ်ဦးက ဆိုသည်။
နိုင်ငံပြုပြင် ပြောင်းလဲရေးကို အောက်ခြေ အဆင့်အထိ မြှင့်တင်ရန် ၂၀၁၂ ခုနှစ် မေလ ၁၁ ရက်နေ့ မိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
မြို့နယ် ဖွံ့ဖြိုးရေး အစီအမံ တိုင်းတွင် အုပ်ချူပ်မှု ဆိုင်ရာ စီမံခန့်ခွဲ မှုများကို ဗဟို ချုပ်ကိုင်မှု လျော့ချပြီး ဥပဒေ စည်းမျဉ်းဖြင့်သာ ထိန်းကျောင်း၍ ပြည်သူများအတွက် သိသာ ထင်ရှားသော အပြောင်းအလဲ တစ်ရပ် ပေါ်ပေါက်စေရန် ယင်းမိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template