Headlines News :
Home » , » သြဂုတ်လ ၇ ရက်နေ့ (ယ နေ့) တွင် နေအိမ် ၅၀၀ခန့်ရှိသော အင်ဘာရီကျေးရွှာ ထပ်မံ မီးရှို့ခံရ

သြဂုတ်လ ၇ ရက်နေ့ (ယ နေ့) တွင် နေအိမ် ၅၀၀ခန့်ရှိသော အင်ဘာရီကျေးရွှာ ထပ်မံ မီးရှို့ခံရ

Written By လွင့်မောင်မောင် on Tuesday, August 7, 2012 | 6:55 PM

The Voice Weekly    ရန်ကုန်၊ သြဂုတ် ၇

ဒေသအခြေ အနေ တည်ငြိမ် အေးချမ်းနေပြီဟု အစိုးက တရားဝင် သတင်း ထုတ်ပြန်ထားသော ရခိုင်ပြည်နယ်ရှိ ကျောက် တော်မြို့နယ်တွင် သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပူ အကြမ်းဖက်မှုများ ပြန်လည် ဖြစ်ပွားခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့ (ယ နေ့) တွင် နေအိမ် ၅၀၀ခန့်ရှိသော အင်ဘာရီကျေးရွှာ ထပ်မံ မီးရှို့ခံရကြောင်း အဆိုပါမြို့နယ်ရှိ ရခိုင် တိုင်းရင်းသားများ တိုး တက်ရေး ပါတီမှ သတင်းပြန်ကြားရေး တာဝန်ခံ ဦးဦးစံသိန်းက ပြောကြားသည်။

အဆိုပါ မီးရှို့ခံရသော ကျေးရွှာတွင် ဘင်္ဂါလီလူမျိုးများ အများစုနေထိုင်ကြပြီး ရခိုင်တိုင်းရင်းသားများက မီးရှို့ဖျက်စီးခဲ့ ခြင်းဖြစ်ကြောင်း၊ သြဂုတ်လ ၄ ရက်နေ့၊ ၅ ရက်နေ့ နှင့် ၆ရက်နေ့များက ရခိုင်တိုင်းရင်းသားများနေထိုင်သော ကျေးရွှာ များကို ဘင်္ဂါလီလူမျိုးများက ၀င်ရောက် မီးရှို့ ဖျက်ဆီးမှု နှင့် ကျောက်တော မြို့ပေါ်ရှိ ရွှေပြည်သစ် အဝေးပြေး ကားဂိတ် ကို ၀င်ရောက် ဖျက်ဆီးမှုများ ဖြစ်ပွားရာမှ အဆိုပါမြို့နယ် အတွင်း လူမျိုးစုနှစ်စု အပြန် အလှန် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ကြောင်း ယင်း၏အကျိုးဆက်အဖြစ် ယနေ့တွင် ထပ်မံ မီးရှို့ခံရခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များအရသိရှိရသည်။

ယင်းကဲ့သို့ မီးရှို့မှုကြောင့် နေအိမ် ၄၀၀ခန့် ပျက်စီးခဲ့ရကြောင်း ဒေသခံများက ခန့်မှန်းပြောကြားသည်။

အဆိုပါ ဆူပူအကြမ်းဖက်မှုများ ဆက်တိုက် ဖြစ်ပေါ်နေသော်လည်း အဆိုပါမြို့နယ်တွင် လုံခြုံရေးအင်အား အလွန်နည်းပါး သဖြင့် အချိန်မီဟန့်တားနိုင်ခြင်းမရှိခဲ့ကြောင်း ဒေသခံများနှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီတို့ထံ ဆက်သွယ် မေးမြန်းချက် အရသိရှိရ သည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သတင်းပြန်ကြားရေး ဌာနမှ ဥက္ကဌ ဦးဦးလှသိန်းကို The Voice Weekly က ဆက်သွယ်မေးမြန်းခဲ့ရာ ယနေ့ မီးရှို့မှုများ ထပ်မံဖြစ်ပွားခြင်းမှာ မှန်ကန်သော်လည်း အပျက်အစီးများနှင့် လူသေဆုံးမှု စာရင်းများကို ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း၊ ကျောက်တော်မြို့တွင် ဖြစ်ပွား သော အခြေအနေများကို ရခိုင် ပြည်နယ် အစိုးရအဖွဲ့ က အကြီးတန်း အရာရှိများသည် ယင်းမြို့နယ်သို့ သွားရောက်ကာ ဖြေရှင်းပေးနေကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
 The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template