7Day News Journal
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တိုင်းဒေသကြီးနှစ်ခုအတွက် တာဝန်ခံရာထူးကို ပြောင်းလဲတာဝန်ပေးအပ်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
သြဂုတ် ၃ ရက်ကပြုလုပ်ခဲ့သော ပါတီအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တာဝန်ခံရာထူးကို ဦးအောင်သိန်းလင်းထံမှ ဦးမောင်မောင်သိန်းသို့ ပြောင်းလဲတာဝန်ပေးအပ်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။
ထို့အပြင် ဦးမောင်မောင်သိန်းမှာ ယခင် တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတာဝန်ခံ ဖြစ်သည့်အတွက် ၎င်း၏နေရာတွင် သူရဦးအောင်ကို အား လွှဲပြောင်းတာဝန်ပေးအပ်လိုက်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ဦးအောင်သိန်းလင်းမှ Southern Weekend သတင်းစာတွင် ဖော်ပြခဲ့သော ပြင်းထန်စွာ ဝေဖန်ခံနေရသည့် အသုံးအနှုန်းအချို့ကို ၎င်းးက ပြောကြားခဲ့ခြင်းမရှိကြောင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago