Headlines News :
Home » » ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန်အတွက် UNESCO မှ အကူအညီပေးမည်

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန်အတွက် UNESCO မှ အကူအညီပေးမည်

Written By လွင့်မောင်မောင် on Saturday, August 11, 2012 | 12:32 PM



အေဒီ ၁၀ ရာစုမှ ၁၄ ရာစုနှစ်အတွင်း တည်ဆောက်ခဲ့သည့် ရှေးဟောင်းအဆောက်အဦးပေါင်း သုံးထောင်ကျော် ကျန်ရှိနေသေးသည့် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန်အတွက် UNESCO မှ အကူအညီပေးသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ သိရှိရသည်။


ထိုသို့ UNESCO မှ ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးရာတွင် ပုဂံဒေသတစ်ခုတစ်ခုတည်းသာမကပဲ ပျူမြို့ဟောင်းများဖြစ်သော ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာမြို့ဟောင်းများလည်း ပါဝင်ကြောင်း သိရသည်။


''သြဂုတ်လ ၈ရက်နေ့က UNESCO ညွှန်ကြားရေးမှုးချုပ် HE.Irina Bokova နဲ့အဖွဲ့က ပုဂံကို သွားခဲ့ပါတယ်။သူတို့အဖွဲ့က ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ နန်းတော်ရာ တူးဖော်မှုတွေ၊ ရှေးဟောင်းသုတေသနပြတိုက်တွေနဲ့ ပုဂံကဘုရားတွေကို လေ့လာသွားတယ်။ ပုဂံယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းနဲ့ပတ်သတ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀အထိ UNESCO က ကူညီခဲ့ပြီးပါပြီ။ အခုလည်း သူတို့ဘက်က ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဆောင်ရွက်နေတာတွေနဲ့ပတ်သတ်ပြီး ကူညီဆောင်ရွက်ပေးမယ်လို့ သိရပါတယ်'' ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးကျော်ဦးလွင်က ပြောကြားသည်။

UNESCO မှ ညွှန်ကြားရေးမှုးချုပ် HE.Irina Bokova သည် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့၌ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် တွေ့ဆုံ၍ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန်ကိစ္စများ၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးတွင် UNESCO မှ ကူညီရန်ကိစ္စများ၊ ပျုမြို့ဟောင်းများအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် ဆောင်ရွက်နေမှုနှင့် စပ်လျဉ်းသည့်ကိစ္စ၊ ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးတွင် UNESCO မှ ကူညီဆောင်ရွက်ပေးမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါ ပုဂံဒေသအား ၁၉၉၆ ခုနှစ်တွင် အဆိုပြုစာရင်း တင်သွင်းထားပြီး သတ်မှတ်အဆိုပြုပုံစံ တင်သွင်းနိုင်ရန်အတွက် လိုအပ်သည့် Management Plan ရေးဆွဲရန်အတွက် အဖွဲ့ဖွဲ့စည်း၍ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template