Headlines News :
Home » , » တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ စည်းဝေး

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ စည်းဝေး

Written By လွင့်မောင်မောင် on Friday, August 10, 2012 | 7:25 PM

2012-08-09

၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်က တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေစဉ်။

"ကျွန်တော်တို့က လုပ်ငန်းစဉ်တွေ ဒီနေ့ ပထမဆုံး စညှိတာ။ ရှေ့လုပ်မဲ့ လုပ်ငန်းစဉ်တွေ ညှိနှိုင်းတာပေါ့။ ကျွန်တော်တို့ ကော်မတီမှာ လုပ်နိုင်တဲ့အလုပ်ကလေးတွေပေါ့၊ ဆိုင်ရာ ဆိုင်ရာလေးတွေကို တာဝန်ပေးတာပါ။ အဓိက ဆွေးနွေးကြတာကတော့ ကျွန်တော်တို့ အဖွဲ့ရဲ့ ခေါင်းစဉ်အတိုင်းပါပဲ။ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး အတွက်ပဲ ဆွေးနွေးတာ"
ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် အဆိုတင်သွင်းထားတဲ့ တရားရေး အရာရှိများကို ကာကွယ်ပေးသည့် ဥပဒေကို ရုပ်သိမ်းရန် အဆိုကို မဲခွဲ ဆုံးဖြတ်ခဲ့ရာ ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။ ဒီအဆို တင်သွင်းရတာနဲ့ ပတ်သက်ပြီး ဦးသိန်းညွန့်က အခုလို ပြောပါတယ်။
" ၁၈၅၀ ခုနှစ် တရားရေးအရာရှိများ ကာကွယ်ရေးဥပဒေ၊ အိန္ဒိယ ဥပဒေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ တန်းတူမှု ပြဋ္ဌာန်းချက်များနဲ့ ညီညွတ်ခြင်း မရှိဘူး။ နောက်ဒီဥပဒေဟာ နှစ်ပေါင်း ၁၆၀ ကျော်ပြီ။ ကိုလိုနီခေတ်က ပြဋ္ဌာန်းပြီးတော့ ကိုလိုနီ အုပ်ချုပ်သူများက ကျွန်တော်တို့ နိုင်ငံကို ကျွန်ပြုနိုင်ဖို့ ရေးဆွဲထားတဲ့ တရားရေး အရာရှိကို ကာကွယ်ပေးထားတဲ့ ဥပဒေ။ အဲ တတိယ အချက်ကတော့ ကျွန်တော်တို့ နိုင်ငံက လက်မှတ်ထိုးထားတဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ တရားရေး အရာရှိ တွေကို ကာကွယ်ပေးရမဲ့ ဥပဒေမျိုး လက်ခံမယ်ဆိုတဲ့ အကြောင်း တစ်လုံး တစ်ပါဒမှ မပါပါဘူး။ တရားသူကြီးတွေရဲ့ သဘောရိုးနဲ့ ဆုံးဖြတ်တယ်၊ မဆုံးဖြတ်ဘူး ဆိုတာ အကြောင်းအချက် ပြဿနာ၊ ဥပဒေပြဿနာ မဟုတ်ဘူး။ သဘောရိုး ဟုတ်တယ်၊ မဟုတ်တယ်ဆိုတာ တရားရုံးမှာ တရားမကြောင်း ဆွဲခွင့်ပေးရမယ်"
ပြည်ခိုင်ဖြိုးပါတီ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး ဂျူလိုင် ၃၁ ရက်နေ့က တင်သွင်းခဲ့တဲ့ ပြည်ပရောက် ရွှေ့ပြောင်း အလုပ်သမားများ ဘဝလုံခြုံမှုဆိုင်ရာ မူဝါဒ ချမှတ်ရေး အဆိုနဲ့ ပတ်သက်ပြီး NLD ပါတီ ကိုယ်စားလှယ်တွေက ထောက်ပြ ဆွေးနွေးကြောင်း သိရပါတယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၈၀ မှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံသားတိုင်း အစိုးရရဲ့ အကာအကွယ်ကို ရယူပိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်အရ အခုလို ဆွေးနွေးတာဖြစ်ကြောင်း NLD ပါတီ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။
"ရွှေ့ပြောင်း အလုပ်သမားတွေဟာ အခု အလုံးအရင်းနဲ့ နိုင်ငံခြားကို ထွက်သွားနေတော့ မြန်မာနိုင်ငံ ဒီအစိုးရကနေပြီးတော့ မျက်ကွယ်ပြုလို့ မရတော့ဘူးဆိုတာ အန်တီမြင်တဲ့ဟာရယ်၊ အဲဒီမှာ အန်တီက constitution ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၀ ကို ကိုးကားထားပါတယ်။ နိုင်ငံခြား တိုင်းတပါးသားနဲ့ ဆက်ဆံတဲ့ နိုင်ငံသားတိုင်းဟာ ပြည်တွင်းမှာ ဖြစ်စေ၊ ပြည်ပမှာဖြစ်စေ နိုင်ငံတော်ရဲ့ ကာကွယ် စောင့်ရှောက်မှုကို တောင်းခံခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် ဒါကို အလေးအနက်ထားပြီး သူတို့ကို မှန်ကန်တဲ့ ဘဝလုံခြုံမှု အာမခံချက်ကို ထိရောက်စွာ လုပ်ပေးရမယ်ဆိုတဲ့ မူဝါဒချဖို့ လိုအပ်တယ် ဆိုတာကို ဆွေးနွေးတာပေါ့နော်"
ဒေါက်တာ ဒေါ်မေဝင်းမြင့် ထောက်ပြဆွေးနွေးတဲ့ အချက် ၄ ချက်ရှိပြီး ကျန်တဲ့ပါတီ ကိုယ်စားလှယ်တွေကလည်း အသီးသီး ထောက်ခံ ဆွေးနွေးကာ မူဝါဒ ဘယ်လိုချမှတ်မလဲ ဆိုတာကို နောက်ရက်တွေမှာ ဆက်လက် ဆွေးနွေးမယ်လို့ သိရပါတယ်။RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template