Headlines News :
Home » » တရုတ်သံအမတ်ကျိုင်းတုံသို့ရောက် စိုင်းနော်ခမ်းတပည့်အား ထပ်မံစစ်ဆေး

တရုတ်သံအမတ်ကျိုင်းတုံသို့ရောက် စိုင်းနော်ခမ်းတပည့်အား ထပ်မံစစ်ဆေး

Written By လွင့်မောင်မောင် on Thursday, August 9, 2012 | 12:31 PM


NK_memberစိုင်းနော်ခမ်းတပည့်များ တာချီလိတ်မြို့၌လက်နက်ချစဉ် (ဓါတ်ပုံ tachilek.net)

မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း၏ ဒုတိယ လက်ထောက်အား တရုတ်လက်သို့ လွှဲပေးရန် မြန်မာအစိုးရငြင်းဆိုပြီး နောက်ပိုင်း ယမန်နေ့က တရုတ်သံအမတ်ကြီးဦးဆောင်သည့်အဖွဲ့က ကျိုင်းတုံသို့ရောက်ရှိကာ တရုတ် ၁၃ ဦး သေဆုံး မှုအား ထပ်မံစစ်ဆေးခဲ့သည်ဟု စရဖ အသိုင်းအဝိုင်းကပြောပါသည်။
“တရုတ်သံအမတ်ကြီး ဦးဆောင်တဲ့ ၆ ယောက်ပါအဖွဲ့က စိုင်းအောင်မြတ် နဲ့ စိုင်းထွန်းကုလားကို မနေ့ကတနေ ကုန်စစ်တယ်။ သံအမတ်ကြီးကတော့ တာချီလိတ်ကနေ လာအိုဘက်ခြမ်းကို ကူးသွားပြီ။ ဒီနေ့လဲ ထပ်စစ်ဦးမယ်။ အခု ဆစ်ဆောင်ပန်းနားက တရုတ်ရဲမှူးကြီးတဦး ဦးဆောင်တဲ့အဖွဲ့ သုံးယောက်က စိုင်းအောင်မြတ်တို့နှစ်ယောက်ကို ထပ်စစ်နေတယ်” - ဟု အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

ဩဂတ်စ် ၇ ရက် အင်္ဂါနေ့ က လာအို(လောဝ်)နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် ဆစ်ဆောင်ပန်းနား ကိုယ်ပိုင်အုပ် ချုပ်ခွင့် ရဒေသ ရဲမှူးကြီးဦးဆောင်သော ၆ ယောက်ပါ အဖွဲ့က နေပြည်တော်မှ ကျိုင်းတုံသို့ရောက်ရှိ၍ စိုင်းနော်ခမ်း၏ ဒုတိယ လက်ထောက်ဖြစ်သူ လက်နက်ချ စိုင်းအောင်မြတ်အား တာချီလိတ်မြို့၌ လက်နက်ချစဉ် ရိုက်ထားသည့် ဓါတ်ပုံ အားပြ၍ တရုတ် ၁၃ ဦး သတ်ရာ၌ ပါဝင်သူများရှိမရှိ မေးမြန်းခဲ့ကြောင်း၊ စိုင်းအောင်မြတ်က တယောက်မှမပါဟုဖြေ ကြောင်း၊ လူသတ်မှု လက်သည်ကို ဆက်လက်မေးမြန်းရာ စိုင်းအောင်မြတ်က တိုက်ရိုက်မဖြေဘဲ ၂၀၀၉ - ၂၀၁၁ အထိ မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောပေါ် ဖမ်းမိသည့် မူးယစ်ဆေးဝါးစာရင်းသာပြောပြခဲ့သောကြောင့် တရုတ်အရာရှိအဖွဲ့ စိတ်ပျက်ခဲ့ကြကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောပါသည်။

“တရုတ်ရဲမှူးကြီးကို စိုင်းအောင်မြတ်က လိသျှမ်းစကားနဲ့ဘဲဖြေတယ်။ တရုတ်သင်္ဘောပေါ်မှာ ရာဘ ဘယ်နှစ်သန်း၊ အိုက်စ်ဘယ်နှစ်ကီလို စတာတွေဘဲဖြေတယ်။ လူသတ်မှုမှာ သူမသိဘူးဘဲပြောတယ်။ မြန်မာအာဏာပိုင်ဘက်ကလဲ ဝင်မပြောဘူး၊ သူတို့လဲ တရုတ်တွေ ခဏခဏ လာစစ်နေတာကို သိပ်မကြည်ချင်တော့ဘူး။ ဘာဘဲဖြစ်ဖြစ် စိုင်းအောင် မြတ်က လက်နက်ချပြီးတဲ့သူဘဲ” - ဟု တာချီလိတ်မြို့နေ စိုင်းအောင်မြတ်မိသားစုနှင့်ရင်းနှီးပြီး ဗျူဟာအသိုင်းအဝိုင်း အတွင်း ဝင်ဆန့်သူတဦးက ပြောပါသည်။

ဂျူလိုင်လ နှောင်းပိုင်းမှ ယနေ့အထိ မြန်မာအာဏာပိုင်တို့ စိုင်းအောင်မြတ်အား ရိုက်နှက်စစ်ဆေးခြင်း မရှိတော့ဘဲ ကျိုင်းတုံမြို့ စရဖ ရုံး၌သာ ထိန်းသိမ်းထားကြောင်း၊ မိသားစုဝင်များလည်း စိုင်းအောင်မြတ်အား ဝင်ထွက်တွေ့ခွင့်ပြု လာကြောင်း မိသားစုအသိုင်းအဝိုင်းကလည်းပြောပါသည်။

တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲ မိုင်းလင်းကျေးရွာအုပ်စု နမ့်ခင်း(မ်း) ရွာ ဇာတိဖြစ်သည့် အသက် ၄၂ နှစ် အရွယ် စိုင်းအောင်မြတ် ခေါ် ဇိန်းဟုန် သည် တရုတ် ၁၃ ဦး အသတ်ခံရမှုတွင် ကိုယ်တိုင်ပါဝင်ဦးဆောင်သူဖြစ်သည်ဟုသတင်း ထွက်နေ၏။

၎င်း၏ ခေါင်းဆောင် စိုင်းနော်ခမ်းမှာမူ လာအိုနိုင်ငံမြောက်ပိုင်း၌ အဖမ်းခံရပြီး တရုတ်နိုင်ငံသို့ လာအိုအစိုးရက လွှဲ အပ်ပေးပြီးနောက်ပိုင်း တရုတ် ၁၃ ဦး သတ်ဖြတ်မှုလည်း ၎င်း၏လက်ချက်ဖြစ်ကြောင်း ဝန်ခံပြီးဖြစ်သည်ဟု တရုတ် နှင့် ထိုင်း သတင်းစာများက ရေးသားပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template