Headlines News :
Home » » ဦးကျော်ဆန်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်လွှတ်ရဖွယ်ရှိ

ဦးကျော်ဆန်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်လွှတ်ရဖွယ်ရှိ

Written By လွင့်မောင်မောင် on Friday, August 10, 2012 | 11:54 PM

တပ်မတော်အစိုးရလက်ထက်ကတည်း ပြန်ကြားရေးဝန်ကြီးဌာနကို တာဝန်ယူခဲ့သူ သက်တော်ရှည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည် ဝန်ကြီးဌာနများ လူအပြောင်းအလဲလုပ်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနကို လက်လွှတ်ရဖွယ်ရှိကြာင်း နေပြည်တော် သမ္မတရုံးနှင့်နီးစပ်သည့် သတင်းရပ် ကွက်မှ စုံစမ်းသိရှိရသည်။

ပြန်ကြားရေဝန်ကြီး ဦးကျော်ဆန်း၏နေရာတွင် ဆက်ဆံရေးကောင်းမွန်ပြီး သံတမန်ဆန်သည့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် အစား ထိုးဖွယ်ရှိကြောင်း ဦးကျော်ဆန်းသည် လူအများနှင့် ဆက်ဆံရေးမပြေပစ်သော်လည်း အလုပ်ကြိုးစားသူတစ်ဦးဖြစ်၍ ဝန်ကြီးအဖြစ်မှ ယုတ်လျှော့ဖွယ် မရှိဟု ထပ်ဆင့်စုံစမ်းသိရှိရသည်။

ဝန်ကြီးများ တာဝန်အပြောင်းအလဲဖြစ်မည့် သတင်းများ မကြာခဏထွက်ဖော်ခဲ့ကြောင်း လက်ရှိဒုတိယသမ္မတရွေးချယ်မှု မပြတ်သေး၍သာ အပြီးသတ် မဆောင်ရွက်နိင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦးက နိင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ဦးကျော်ဆန်းသည်လမ်းစဉ်ပါတီခေတ်ကည်းကသတင်းစာပညာတော်သင် စေလွှတ်ခံရသူတစ်ဦးဖြစ်ကြောင်း ပြန်ကြားရေးနှင့် ဦးကျော်ဆန်း က ခေသူတစ်ယောက်မဟုတ်ကြောင်း လက်ရှိမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြောကြားခဲ့ဖူးသည်။

“ဒေါ်စု လွှတ်တော်တက်တဲ့ သတင်းပုံကို အခုပြည်သူတွေ ညတိုင်းစောင့်ကြည့်တယ် စက္ကန့်ပိုင်းလောက်ပဲ ဒေါ်စုကိုမြင်ရလို့ ဦးကျော်ဆန်းကို ပြည်သူတွေ မေတ္တာပို့သံ ညတိုင်းကြားရတယ်” ဟု ကြည့်မြင်တိုင်မြို့နယ်မှ ၈၈မျိုးဆက်တစ်ဦးက ဆိုသည်။

ဦးကျော်ဆန်း တော်သည်၊ မတော်သည်ကိုမသိကြောင်း ယခုသမ္မတ ဦးသိန်းစိန်၏ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များသည် ဦးကျော်ဆန်းမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့် အာဃာတတရားကြောင့် ပြည်သူများ သိသင့်သလောက်မသိရကြောင်း ဒေါ်အောင်ဆန်း စုကြည်ပုံရိပ်ကို နှိမ့်ချထားလိုသည့် ဦးကျော်ဆန်း၏ ဆန္ဒကြောင့် ဒေါ်အောင်ဆန်းစုကြည့်နှင့် သမ္မတကြီး၏ လှုပ်ရှားမှုပုံရိပ်များ ပျောက်ကွယ်နေရ ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

MP(Yangonchronicle)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template