Headlines News :
Home » » ဒီအတိုင်းဘဲမသိချင်ယောင်ဆောင်နေတော့မှာလား

ဒီအတိုင်းဘဲမသိချင်ယောင်ဆောင်နေတော့မှာလား

Written By လွင့်မောင်မောင် on Thursday, August 9, 2012 | 9:35 PM

ဒီနှစ်အတွက် ဆေးတက္ကသိုလ်ဝင်ခွင့်ပေးမဲ့လူဦးရေ တ၀က်လျော့ချလိုက်ပြီး မိန်းကလေး အချိုးကိုတော့ ၁၀% တိုးပေးလိုက်တာကို တရားဝင်ကြေငြာထားပြီးဖြစ်ပါတယ်။ ၀င်ခွင့်ပေးမဲ့ တက္ကသိုလ်ကိုကျတော့ တက္ကသိုလ်ဝင်ခွင့် လမ်းညွန် စာအုပ်မှာရန်ကုန်နဲ့ မန္တလေးကလွဲပြီရင် ကျန်တိုင်းနဲ့ပြည်နယ် အားလုံးကိုတော့ မကွေးမှာတက်ရမယ်ဆိုပြီးတော့ ဖော်ပြထားတာ တွေ့ရတယ်။

ကျနော်က၀န်ထမ်းတစ်ဦးပါ။ တနင်္သာရီတိုင်းဒေသကြီးမှာ တာဝန်ကျတာ ၃နှစ်နီးပါးရှိပါပြီ။ အမျိုးသမီးက ၀န်ထမ်းတစ်ဦးဖြစ်ပြီး မွန်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေရတာပါ။ မိသားစုကလဲတကွဲတပြားနဲ့ ဒုက္ခပေါင်းစုံနဲ့ပေါ့ဗျာ။ ကျနော့်သမီး ဒီနှစ် ၁၀ တန်းအောင်ပြီး အမှတ်ကောင်းလို့ ဆေးတက္ကသိုလ်ပို့ဖို့ မကွေးမှာတက်ရမှာဆိုတော့။ ရန်ကုန်မှာ ဆေးတက္ကသိုလ် ၂ခုတောင်ရှိတယ်။ ကျောင်းဝင်ခွင့်ပေးနိုင်တဲ့ အရေအတွက်က (၆၀၀)ဦးပါ။ ရန်ကုန်တိုင်းအောက်ဖက်မှာ ရှိတဲ့ဒေသနဲ့ အနီးအနားဒေသတွေကို ရန်ကုန်မှာဘာလို့တက်ခွင့်မပေးတာလဲ။ ဒါမှမဟုတ်လဲ ကလေးတွေရဲ့ ကြိုးစားမှုအပေါ် မူတည်ပြီးအမှတ်နဲ့ ဆုံးဖြတ်တာမျိုး မဖြစ်သင့်ဘူးလား။ ဒီနှစ်နီးစပ်ရာတက္ကသိုလ်မှာ တက်ခွင့်ပေးမယ်လို့လဲပြောတယ်။ လွတ်တော်မှာ တင်တယ်လို့ သတင်းတွေကြားရတယ်။ အဆင့်မြင့်ပညာဦးစီးဌာနနဲ့ ၀န်ကြီးရုံးမှာ စုံစမ်းကြည့်တော့လဲ တရားဝင်စာထုတ်ပြန်ထားတာ မရှိဘူးလို့ပြောတယ်။ ကြိုက်တဲ့နေရာမှာ တက်ချင်ရင် ၁၀သိန်းလောက် ပေးရင် ရတယ်တဲ့။ ကျနော်တို့က ၀န်ထမ်းဆိုတော့ အဲဒီလောက်ငွေကြေးလဲ မတတ်နိုင်ဘူးလေ။ နောက်ပြီးရန်ကုန်မှာ ဆွေမျိုးနီးစပ်တွေရှိတော့ ရန်ကုန်မှာတက်ရင်စရိတ် ကမကွေးမှာတက်မှာထက် ပိုသက်သာနိုင်တယ်။ အကြောင်းကိစ္စရှိရင်လဲ ရန်ကုန်လောက်ဆို သွားလာရတာအဆင်ပြေတယ်။ ခွင့်ကလဲယူချင်တိုင်း ရက်အကြာကြီး ယူလို့ရတာ မဟုတ်တော့ ကျွန်တော်တို့လဲတရားဝင် ရှင်းရှင်းလင်းလင်း ဖြစ်စေချင်ပါတယ်။ ကျနော်တို့လို ၀င်ငွေနည်းတဲ့ ၀န်ထမ်းတွေအတွက် စဉ်းစားပေးဘို့ကို တင်ပြချင်ပါတယ်။

ဒီတော့မသိချင်ယောင်ဆောင်ပြီး စားပေါက်ထွင်ဖို့ ဂွင်ဆင်ထားတဲ့ပုံပေါက်နေတဲ့ တက္ကသိုလ်ရွေးချယ်မှုကိစ္စကို ဒီအတိုင်းဘဲ ဆက်ပြီး မသိချင်ယောင် ဆောင်မနေဘို့ သက်ဆိုင်ရာဝန်ကြီးဌာနကို အသိပေးချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Dala Gyan
Myeik, Tanintharyi Division
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template