Headlines News :
Home » » မန္တလေးတွင်ကုန်စိမ်းရောင်းချသူများ ဆန္ဒပြလျက်ရှိ။

မန္တလေးတွင်ကုန်စိမ်းရောင်းချသူများ ဆန္ဒပြလျက်ရှိ။

Written By လွင့်မောင်မောင် on Tuesday, August 7, 2012 | 9:01 AM

ဓာတ်ပုံ- ကိုဝိုင် ၀ိုင်ကေ


မန္တလေး သြဂုတ် (၆)

မန္တလေး ၂၉လမ်း ရှိ ကုန်စိမ်းရောင်းချသူများ ဆန္ဒပြလျက်ရှိရာ ယနေ့ည (၆-၈-၁၂) နေ့တွင် မြို့တော်ခန်းမသို့ ချီတက် ဆန္ဒပြခဲ့ကြပြီး ဈေးရောင်းခွင့် ပြန်လည်ရရှိရေးအတွက် တောင်းဆိုနေကြသည်။

ယခုအခါ (၇-၈-၁၂) ရက် နံနက်(၂း၀၀) နာရီ အချိန်ခန့်က ဦးဆောင်သူအချို့ နှင့် မီဒီယာ အချို့ အား တာဝန်ရှိသူတို့ မှ ခေါ်ယူတွေ့ဆုံနေပါသည်။

ပြင်ပ အခြေအနေတွင် လည်း လုံခြုံရေးတိုးမြှင့်ထားပြီး ၂၆ လမ်းမပေါ်တွင် အရှေ့ အနောက် ပိတ်စို့ထားပြီး ဖြစ်သည်။ ထို့အတူ အချုပ်ကားများလည်း ရောက်ရှိနေပြီ ဖြစ်သည်။

၂၉လမ်း တွင် ကုန်စိမ်းရောင်းချခြင်းကို တားမြစ်ခဲ့ပြီး ၄၁လမ်းနှင့် ကမ်းနားလမ်း ဒေါင့်သို့ ပြောင်းရွှေ့ရောင်းချရန် ဆောင်ရွက်ခဲ့သဖြင့် ဈေးသည်များမှ မပြောင်းရွှေ့လိုကြောင်း ဆန္ဒများပြခဲ့ကြခြင်းဖြစ်သည်။
တရားဝင် ဆန္ဒပြရန် စာတင်ထားရာ (၇-၈-၁၂)နေ့ ဖြစ်ပြီး၊ ထိုနေ့ မတိုင်ခင် ယာယီရောင်းချခွင့်ပေးထားရာမှ (၆-၈-၁၂)နေ့ညတွင် စည်ပင်တာဝန်ရှိသူ အချို့မှ ရုတ်တရက် ရောင်းချခွင့် မပေးသဖြင့် ဝယ်ယူထားပြီး ကုန်စိမ်းများ အတွက် အခက်အခဲများ ဖြစ်ပေါ်လာသည့်အတွက် မကျေနပ်မှုများကြောင့် ၈၄လမ်းပေါ်တက်ထိုင် ဆန္ဒပြခဲ့ကြသည်။
ထိုမှ တဆင့် မြို့တော်ဝန် သိရှိစေရန် မြို့တော်ခန်းမသို့ ၂၆လမ်းအတိုင်း ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဖုန်းဓါတ်ပုံနှင့် သတင်း
ကိုဝိုင်ဝိုင်ကေ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template