Headlines News :
Home » » ဘန်ကောက်ရှိ မြန်မာနိုင်ငံဝင်ပေါက်နေရာအတွက် ခြိမ်းခြောက်

ဘန်ကောက်ရှိ မြန်မာနိုင်ငံဝင်ပေါက်နေရာအတွက် ခြိမ်းခြောက်

Written By လွင့်မောင်မောင် on Monday, August 6, 2012 | 11:33 PM


(6 August 2012 ရက်စွဲပါ Bangkok Post မှ Gateway Role Under Threat ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကြောင့် စီးပွားရေးကိစ္စရော အလည်အပတ်အတွက်ပါ ခရီးသည်များ လာရောက်ကြရာ နိုင်ငံတကာလေ ကြောင်းလိုင်း အများအပြား မြန်မာနိုင်ငံသို့ ပိုမိုဆင်းသက်လာကြသည်။ ထို့ကြောင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ဝင်ပေါက်အဖြစ် ကာလ ရှည်ကြာရပ်တည်နေမှုကို ဆုံးရှုံးရတော့မည်ဖြစ်သည်။

အနည်းဆုံးနိုင်ငံတကာလေကြောင်းလိုင်း ငါးရာခန့်သည် လာမည့်လအနည်းငယ်အတွင်း ရန်ကုန်သို့ တိုက်ရိုက်ဆင်းသက်နိုင်ရန် စီစဉ်လျက်ရှိ သည်။

Bangkok Airways နှင့် Thai Air Asia အပါအဝင် အချို့လေကြောင်းလိုင်းများသည် ဘန်ကောက်မှ မြန်မာနိုင်ငံသို့ ခရီးစဉ်များတိုးချဲ့ရန် ရှိသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၆၀)ခန့် အထီးကျန်ဖြစ်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနှင့် ခရီးသည်များ ပိုမိုများပြားလာခြင်းအပေါ် တုန့်ပြန်ခဲ့ ခြင်းဖြစ်သည်။

တိုက်ရိုက်ပျံသန်းမှု ပိုမိုလာလေလေ ဘန်ကောက်သို့ ဆက်သွယ်မှုလျော့နည်းလာလေလေ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသည် ကမ္ဘာကြီးနှင့် ဆက်သွယ်မှုတွင် အကန့်အသတ်နှင့် ရှိနေဆဲဖြစ်သည်။ အကြောင်းမှာ နိုင်ငံတွင်း ဝင်ရောက်မှုအတွက် ကန့်သတ်မှုများ ပြုလုပ်ထားခြင်းကြောင့် လေ ကြောင်း ဈေးကွက်သေးငယ်ရခြင်းကလည်း တစ်ကြောင်း ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် လေကြောင်း လိုင်းလုပ်ငန်း အမှုဆောင်များကပြောသည်။ ဗီယက်နမ်နှင့် အတိုင်းတာတစ်ခုအထိ ကမ္ဘောဒီးယားတွင်ဤသို့ပင် ဖြစ်ပျက်ခဲ့သည်။ ယခုအခါ ၎င်းတို့၏ မြို့တော်များသို့ ဘန်ကောက်မှတဆင့် သွားရခြင်း အစား နိုင်ငံတကာလေကြောင်းလိုင်းများ ပိုမိုဆင်းသက်လာကြပြီ ဖြစ်သည်။

သို့သော်ကွာလာလမ်ပူအခြေစိုက် အာရှ-ပစိဖိတ်လေကြောင်းလိုင်းများ အဖွဲ့( AAPA) မှ ညွှန်ကြားရေးမှူးချုပ် Andrew Herdman ကပြောကြား ရာတွင် မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းမှုများသည် ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ ဝင်ရောက်သော ဝင်ပေါက်ဖြစ်သောနေရာမှာ ပျောက်မသွားနိုင်သေး ကြောင်းဆိုသည်။

“တခြားနိုင်ငံတွေကနေ မြန်မာနိုင်ငံကို တိုက်ရိုက်ပျံသန်းမှုတွေ ပိုမိုလာတာနဲ့အတူ မြန်မာနိုင်ငံနဲ့ဘန်ကောက်ကြား ပိုမိုပျံသန်းမှုများ ရှိလာမှာ ဖြစ်တယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၏ လေကြောင်းလိုင်းဈေးကွက်သည် တိုက်ရိုက်ပျံသန်းခြင်းများနှင့် ဝန်ဆောင်မှုများကို အထောက်အကူပြုနိုင်ရန် ဘန်ကောက်မှတဆင့် ကြီးမားစွာ တိုးတက်ကြီးထွားလာမည်ဖြစ်ကြောင်း ၎င်းကမှတ်သားမိသည်ဟု ဆိုသည်။ သို့သော်မြန်မာနိုင်ငံသည် ခရီးရှည်ပျံသန်းမှုများမှာမူ ခရီးသည်ရရှိမှု မဖွံ့ဖြိုးသေးသောကြောင့် မဖြစ်နိုင်သေးကြောင်းဆိုသည်။

ရန်ကုန်လေဆိပ်သည် အဓိကနိုင်ငံတကာလေကြောင်းလိုင်းများနှင့် ဆက်သွယ်၍ ဝန်ဆောင်မှုမပေးမှီ အခြေခံအဆောက်အဦးများ အဆင့်မြှင့် တင်ရန် လိုအပ်ကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

ရန်ကုန်လေဆိပ်သည် တစ်နှစ်လျှင်ခရီးသည် (၂.၇)သန်းကိုသာ ကိုင်တွယ်နိုင်ကြောင်း သတင်းထုတ်ပြန်မှုများအရ သိရှိရသည်ဖြစ်ရာ မြန်မာနိုင်ငံ မြို့ပြလေကြောင်းဌာနက ခန့်မှန်းသောယခုနှစ်အတွက် ခရီးသည်(၃)သန်း မျှော်မှန်းမှုကို ကိုင်တွယ်နိုင်ရန် လိုအပ်နေသေးသည်။ ၂၀၁၅တွင် ခရီးသည် (၅.၄)သန်းကို ကိုင်တွယ်နိုင်ရေးအတွက် လေဆိပ်တိုးချဲ့နိုင်ရန် ဆွေးနွေးလျက်ရှိသည်။

ရန်ကုန်သို့တိုက်ရိုက်ဆင်းသက်ရန် စီစဉ်နေသောလေကြောင်းလိုင်းများတွင် All Nippon Airways (ANA)၊ ကာတာလေကြောင်းလိုင်း၊ Korean Air၊ Eva Air နှင့် ဟောင်ကောင်အခြေစိုက် Dragon Air တို့ပါဝင်သည်။

သီရိလင်္ကာလေကြောင်းလိုင်း၊ ဘင်္ဂလားဒေရှ့်၏ ဘီမန်းလေကြောင်းလိုင်း၊ Hong Kong Express Airline နှင့် Pakistan International Airline တို့ကလည်း ရန်ကုန်ကို ၎င်းတို့၏ ကွန်ရက်တွင် ထည့်သွင်းရန်စဉ်းစားနေကြောင်း သတင်းများရရှိသည်။

အဆိုပါလေကြောင်းလိုင်းများသည် ၎င်းတို့၏ မြို့တော်များနှင့် ရန်ကုန်သို့တိုက်ရိုက်ပျံသန်းကြမည့်ဖြစ်ရာ ဥပမာအားဖြင့် ANA သည်တိုကျိုမှ လည်းကောင်း၊ Korean Airသည် ဆိုးလ်မှလည်းကောင်း၊ ကာတာသည် ဒိုဟာမှလည်းကောင်း တိုက်ရိုက်ပျံသန်းမည်ဖြစ်သည်။

အများစုသည် ကိုယ်ထည်ကျဉ်းမြောင်းသော ဂျက်ကို အသုံးပြုမည်ဖြစ်ရာ Korean Air က B 737-800 များအားလည်းကောင်း၊ ANA က ဘိုးအင်း 737-700ERS များအားလည်းကောင်း အသုံးပြုမည်ဖြစ်သည်။ ယခုနှစ်တွင် ပမာဏသေးငယ်မှုရှိသည်ကို ရှုမြင်သောကြောင့်ဖြစ်သည်။

ANA သည် တိုကျိုနှင့် ရန်ကုန်ကြားပျံသန်းမှုများကို စက်တင်ဘာလတွင် ပြန်လည်စတင်မည်ဖြစ်ပြီး တစ်ပတ်လျှင် သုံးကြိမ်ပျံသန်းမည်ဖြစ်သည်။ ANA သည် ရန်ကုန်ခရီးစဉ်အား(၁၂)နှစ်ကြာ ရပ်နားထားခဲ့ရာ မြန်မာနိုင်ငံသို့သွားရောက်သော ဂျပန်ခရီးသည်များသည် ဘန်ကောက်နှင့် စင်္ကာပူမှတဆင့် သွားကြရသည်။

ကာတာလေကြောင်းလိုင်းသည် အောက်တိုဘာလ(၃)ရက်နေ့တွင် ရန်ကုန်သို့ စတင်ပျံသန်းမည်ဖြစ်ရာ တစ်ပတ်လျှင် သုံးကြိမ်ပျံသန်းမည် ဖြစ် သော်လည်း အောက်တိုဘာ(၂၈)မှစ၍ နေ့စဉ်ပျံသန်းမည်ဖြစ်သည်။ ၎င်းသည် A-319 နှင့် A- 320 လေယာဉ်များ အသုံးပြုမည်ဖြစ်သည်။

စက်တင်ဘာ(၁၃)ရက်တွင် Korean Air သည် ဆိုးလ်-ရန်ကုန်ခရီးစဉ်အား တစ်ပတ်လေးကြိမ် စတင်ပျံသန်းမည်ဖြစ်သည်။

Evaသည်လည်း (၁၁)နှစ်ကြာရပ်နားထားပြီးနောက် တိုင်ပေ-ရန်ကုန်ခရီးစဉ်အား တစ်ပတ်လျှင် သုံးကြိမ်ဖြင့် အောက်တိုဘာလ(၉)ရက်နေ့တွင် ပြန်လည်စတင်ရန် ပြင်ဆင်မှုများပြုလုပ်နေသည်။

တချိန်တည်းမှာပင် Thai Air Asia (TAA)ကလည်း ဘန်ကောက်- မန္တလေး ခရီးစဉ်ကို ပျံသန်းရန် စီစဉ်လျက်ရှိသည်။Bangkok Airways ကလည်း Air Bagan နှင့် ခရီးစဉ်ဖလှယ်ရေး သဘောတူညီချက်ကို ဆွေးနွေးလျက်ရှိပြီး၊ ပုဂံနှင့်မန္တလေး ခရီးသည်များ လွှဲပြောင်းပေးနိုင်ရန် စီစဉ်နေသည်။

လက်ရှိမြန်မာနိုင်ငံသို့ ပျံသန်းလျက်ရှိသော နိုင်ငံခြားလေကြောင်း(၁၂)ခုမှာ Air China, China Southern Airline, China Airlines, Air Asia(Thai AirAsia အပါအဝင်), Taiwan’s China Airlines, Silk Air, Malaysian Airlines, Bangkok Airways, Jetstar Asia နှင့် Vietnam Airlines တို့ဖြစ်သည်။

Yangon chronicle
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template