Headlines News :
Home » » မုန်တိုင်းအန္တရာယ် ယခုနှစ် အောက် တိုဘာ တွင်ကြုံတွေ့ နိုင်ကြောင်း ဒေါက်တာ ဦးထွန်းလွင် သတိပေး ပြောကြား

မုန်တိုင်းအန္တရာယ် ယခုနှစ် အောက် တိုဘာ တွင်ကြုံတွေ့ နိုင်ကြောင်း ဒေါက်တာ ဦးထွန်းလွင် သတိပေး ပြောကြား

Written By လွင့်မောင်မောင် on Monday, August 6, 2012 | 10:26 PM

အေးမြမြထွန်း
==========================================
အင်အားပြင်း မုန်တိုင်းအန္တ ရာယ် ယခုနှစ်အောက်တိုဘာ တွင်ကြုံတွေ့ နိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် ကသတိပေး ပြောကြားသည်။

မုန်တိုင်းအန္တရာယ်နှင့်အတူအ ချိန်အခါမဟုတ်မိုးရွာ သွန်းခြင်းနှင့်ရေကြီး
ခြင်းအန္တရာယ် တို့ကိုပါကြုံတွေ့နိုင်သည် ဟု ဆိုသည်။
နှစ်စဉ်မြန်မာ နိုင်ငံ သို့မုန်တိုင်း များဝင်ရောက်လေ့ရှိပြီး၂၀၁ဝခုနှစ်နှင့်၂၀၁၁ ခုနှစ်အောက်တိုဘာလ တွင်အင်အားပြင်း မုန်တိုင်းများဝင်ရောက်ခဲ့ရာ ယခုနှစ်တွင် လည်းမုန်တိုင်း ဝင်ရောက်နိုင်သဖြင့် သတိ ပေးပြောကြားခြင်း ဖြစ်ကြောင်းသိရသည်။

''၂၀၁ဝအောက်တိုဘာမှာဂီရိ မုန်တိုင်း ဝင်တယ်။၂၀၁၁ အောက်တိုဘာမှာ အိုတူးဘီမုန်တိုင်း ဝင်ခဲ့တယ်။ ဒါကြောင့် အောက်တိုဘာမှာ သတိထားပါ။၁၃၅နှစ်အ တွင်းမှာဘင်္ဂလားပင်လယ်အော် မှာ မုန်တိုင်း မဖြစ်တဲ့ နှစ်မရှိဘူး။ အနည်းဆုံး၃ လုံးကနေ ၄လုံးဖြစ်ကိုဖြစ်တယ်။ မိုးလွန်ကာလမှာ မုန် တိုင်း အန္တရာယ် ရှိတယ်။ မုန်တိုင်းကြောင့်အ ချိန်အခါမဟုတ်ရွာတဲ့မိုးရွာနိုင်တယ်။ဒါက ဒုတိယအန္တရာယ်။ တတိယ အန္တရာယ် က မုန်တိုင်းဝင်ရင်ရေကြီးမှုအန္တရာယ်ဆိုးနိုင် တယ်'' ဟုဒေါက်တာထွန်းလွင် ကပြော သည်။

မြန်မာနိုင်ငံ၌မုန်တိုင်းရာသီ ၂ကြိမ်ရှိပြီးပထမရာသီ မှာမေလဖြစ်ပြီးဒု တိယရာသီမှာ အောက်တိုဘာ နှင့် နိုဝင်ဘာ ဖြစ်ကြောင်း၊ ရေကြီးကာလမှာ ၃ကြိမ်ရှိကာ ဇွန်နှင့်ဇူလိုင်တွင်ပထမကာလ၊ဇူလိုင်နှင့်ဩ ဂုတ် သည် ဒုတိယကာလဖြစ်ပြီး စက်တင်ဘာ နှင့်အောက်တိုဘာမှာ တတိယကာလအဆိုး ဆုံးဖြစ်သည် ဟု သိရသည်။

''စက်တင်ဘာ၊အောက်တိုဘာ မှာရေကြီးရင် အပြင်းထန်ဆုံး အဆိုးဆုံးပဲ။ ဒီကာလနဲ့မုန်တိုင်း ဝင်နိုင် တဲ့ အချိန်တိုက် နေ တာစိုးရိမ်ရတယ်''ဟုယင်းကဆက်လက် ပြောကြားသည်။
၁၈၇၇ ခုနှစ်မှ၂၀၁၁ခုနှစ်အထိ နှစ်ပေါင်း၁၃၅နှစ် အတွင်းဘင်္ဂလားပင်လယ် အော်တွင်မုန်တိုင်း ၁၃၁ဝ လုံးဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံသို့မုန်တိုင်း ၈၅လုံးဝင်ရောက်ခဲ့ ရာ၆ရာခိုင်နှုန်းခန့်မုန်တိုင်းဝင်ရောက်မှုရှိ ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့ သောမုန်တိုင်း၈၅လုံး၏၄၉ရာခိုင်နှုန်းမှာ အောက်တိုဘာနှင့်နိုဝင်ဘာလများတွင်ဝင် ရောက်ခဲ့သည်ဟုသိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template