Headlines News :
Home » » လက်ပံတောင်းတောင်ဒေသကို ဒေါ်အောင်ဆန်းစုကြည်လာမယ်

လက်ပံတောင်းတောင်ဒေသကို ဒေါ်အောင်ဆန်းစုကြည်လာမယ်

Written By လွင့်မောင်မောင် on Sunday, November 25, 2012 | 12:01 AM


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ လက်ပံတောင်းတောင်ကို လာရောက်လေ့လာဖို့ ရှိတယ်လို့ သိရပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- ဆန်နီ

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်း လက်ပံတောင်းတောင်ကို ယမန်နေ့က သွားရောက်ခဲ့ပြီး သပိတ် 
မှောက် ခေါင်းဆောင် မသွဲ့သွဲ့ဝင်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သူ့အနေနဲ့ ဒေသခံတွေ ရဲ့ တောင်းဆိုမှုကို သမ္မတထံ ဆက်လက်တင်ပြပေးသွားမယ်လို့လည်း မုံရွာ ပွင့်လင်း လူ့အဖွဲ့အစည်းက တာဝန်ရှိသူ တဦးက ပြောပါတယ်။ 

မနေ့က ပြည်သူ့လွှတ်တော်မှာ ပုလဲအမတ် ဒေါ်ခင်စန်းလှိုင်က ကြားဖြတ် အဆိုတခုတင်ခဲ့ရာ အစိုးရ ဘက်က စီမံကိန်းနဲ့ပတ်သက်ပြီး လျော်ကြေးတွေပေးခဲ့ပြီး၊ ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့် အလမ်းတွေလည်း ပေးခဲ့ကြောင်း စသဖြင့် ယခု စီမံကိန်းကို ရပ်ဆိုင်းလိုက်ပါက နို်င်ငံခြား ရင်းနှီးမြှုပ်နှံ လိုသူတွေအတွက် စိုးရိမ်မှုများဖြစ်သွားစေမှာ ဖြစ်လို့ စီမံကိန်းကို ရပ်ဆိုင်းမှာ မဟုတ်ကြောင်းလဲ ဖြေကြားခဲ့ ပါတယ်။

 ပြည်သူ့လွှတ်တော်ကတော့ ကော်မရှင်တရပ်ဖွဲ့ပြီး ဖြေရှင်းသွားဖို့ သဘောထား ကျခဲ့ပါတယ်။ 
ဧရာဝတီ blog
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template