Headlines News :
Home » » ရွက်လွင့်ဘင်္ဂလီ(၄၆)ဦးအား ပင်လယ်သို့ ပြန်လည်ထွက်ခွာခွင့်ပြု

ရွက်လွင့်ဘင်္ဂလီ(၄၆)ဦးအား ပင်လယ်သို့ ပြန်လည်ထွက်ခွာခွင့်ပြု

Written By လွင့်မောင်မောင် on Monday, November 26, 2012 | 8:01 PM

 on 26 Nov, 2012 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနိုင်ငံသို့ ထွက်ခွါလာသည့် ဘင်္ဂလီ (၄၆)ဦး ပါ စက်လှေတစ်စီးအား နိုဝင်ဘာလ(၂၅)ရက်နေ့ က ကျောက်ဖြူမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။  အဆိုပါ စက်လှေတွင် ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂလီ (၂၅)ဦး၊ မောင်တောမြို့နယ်မှ (၁၀)ဦးနှင့် ရသေ့တောင်မြို့နယ်မှ (၂)ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ (၉)ဦး၊ စုစုပေါင်း(၄၆)ဦး တို့ကို ခမရ(၅၄၃) တပ်ရင်းမှ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလီများသည် မလေးရှားနိုင်ငံသို့ ထွက်ခွာမည့် စက်လှေပန်ကာရှပ်တန်းကျိုး၍ ရွက်လွှင့် မျောလာခြင်းဖြစ်ပြီး ကျောက်ဖြူမြို့နယ် အုန်းတောအနီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
  ဖမ်းဆီးမိခဲ့သည့် ဘင်္ဂလီများအား သက်ဆိုင်ရာမှ စစ်ဆေးရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ချာလောင်ဆိုသူမှ မောင်တောမြို့နယ်မှ ဘင်္ဂလီ (၁၀)ဦးတို့အား တစ်ဦးလျှင် ဘင်္ဂလားဒေ့ရှ် တာကာငွေ (၁၀၀၀၀)၊ မြန်မာကျပ်ငွေ ကျပ် (၁၇၀၀၀၀ )ဖြင့် မလေးရှားနိုင်ငံသို့ ပို့မည်ဟု ခေါ်ဆောင်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကူးခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ကယ်ဆယ်ရေးစခန်းတွင် (၁) ည အိပ်ခဲ့ကြောင်း ဘင်္ဂါလီများက ထွက်ဆိုခဲ့သည်။
   အချို့ ဘင်္ဂလီများကိုမူ တစ်ဦးလျှင် မြန်မာကျပ် (၁၂) သိန်း ကောက်ယူခဲ့ကြောင်းကိုလည်း သိရသည်။ ၄င်းနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့နယ်ဆားပြင်ရွာနေ ဖော်ဒူရာမောက် ဆိုသူက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာဆာရာရွာ ကမ်းနားဆိပ်ရှိ ယခုစီးနင်လားသည့်စက်လှေသို့ ပို့ပေးခဲ့ကြောင်း၊ ၄င်းတို့နှင့်အတူ အခြားစက်လှေတစ်စီးလည်း ပါကြောင်းသိရသည်။ စက်လှေများသည် မလေးရှားနိုင်ငံသို့ ထွက်ခွာရန် ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဘက်အဆုံးရှိ ချက်မာဒင်(ခ)ဇီဇီရာကျွန်းရှိ စက်လှေကြီးသို့ သွားခြင်းဖြစ်ကြောင်းနှင့် ၄င်းစက်လှေကြီးဆီသို့ ထွက်ခွာလာရာ (၂)နာရီခွဲခန့်အကြာတွင် ပန်ကာရှပ်တန်းကျိုး၍ ယခုကဲ့သို့ မျှောပါလာခြင်းဖြစ်သည် ဟု မောင်တောမြို့နယ်မှ ဘင်္ဂလီများက ထွက်ဆိုကြသည်။
         စက်လှေနှင့်အတူ လိုက်ပါလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၉)ဦးအနက်တစ်ဦးဖြစ်သူ ကောဘာတူလာ( နော်တူဖလောင်ရွာ) အား စစ်ဆေးရာတွင် ၄င်းမှာ စက်လှေတွင် တက်မကိုင်ဖြစ်ကြောင်း မလေးရှားနိုင်ငံသို့ သွားမည့် စက်လှေရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဇီဇီရာကျွန်းရှိစက်လှေကြီးဆီသို့သွားခြင်းဖြစ်ပြီး စက်လှေမှ ပန်ကာရှုပ်တန်းကျိုးပြီး မျှောပါလာခြင်း ဖြစ်ကြောင်း နောက်တစ်စီးကိုမူ မသိရကြောင်း ထွက်ဆိုခဲ့သည်။ အဆိုပါ စက်လှေမှာ အလျား(၆)လံ(၂)တောင်၊ ဇောက်(၄)ပေခွဲ၊ အနံ (၇)တောင် အင်ဂျင် အမျိုးအစား CHANGFA (၂၅) ကောင်၊ မရိန်းဂီယာဘောက်တွဲလျှက် စက်လှေမျိုးဖြစ်သည်။ ၄င်းတို့အား ကျောက်ဖြူမြို့နယ် ခမရ (၅၄၃)တပ်ရင်းမှူး၊ ခရိုင်လဝကမှူးတို့က စစ်ဆေးခဲ့ပြီးနောက်ဘင်္ဂလီ လူမျိုး(၄၆)ဦးလိုက်ပါလာသည့် စက်လှေအားပြန်လည်ပြုပြင်ပြီးနောက် ၄င်းနေ့၌ပင် ကျောက်ဖြူမြို့နယ် ခမရ(၅၄၂)တပ် ရှေ့ပင်လယ်ကမ်းစပ်မှ ပင်လယ်လယ်ပြင်သို့ ပြန်လည် ထွက်ခွာခွင့်ပြုလိုက်ကြောင်း သိရသည်။

မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ) by Myit Makha Mediagroup
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template